ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု လုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဖိုရမ်(၂၀၂၃) (2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management-BRIDRREM) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကကြီးမှူး၍ နိုဝင်ဘာလ(၁၆)ရက်နေ့၊မြန်မာစံတော်ချိန်(၁၈:၃၀)နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပါဝင်တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ Mr. LIU Guozhong က ယနေ့ဖိုရမ်ကို “Emergency Management: Safety and Prevention First”ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမကြီးတွင်ပါဝင်သော နိုင်ငံများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံပေါင်း(၂၄)နိုင်ငံက အလှည့်ကျ ဆွေးနွေးတင်ပြရာပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ၌ ဖိုရမ်ကျင်းပမှုသည် သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ကဲ့သို့သောကပ်ရောဂါဖြစ်ပွားမှုများကို ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရန်အချိန်အခါကောင်းဖြစ်ပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်းတည်ဆောက်ရန်ဆိုသော မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းဆောင်ရွက်ပါက အချိန်များစွာယူရမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်တွင် BRIDRREM ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်လွယ်သောနိုင်ငံဖြစ်သဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်နှင့် နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊လုပ်ငန်းများထိရောက်စွာဆောင်ရွက်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားရှိပြီး၊ တည်မြဲအမိန့်ကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဘေးဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် ဆိုင်ကလုန်းဒဏ်ခံအဆောက်အဦများတည်ဆောက်ခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း တည်ထောင်ခြင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)ကိုခိုင်မာအားကောင်းစေရန်အဆင့်မြှင့်တင်ခြင်း၊ ကြိုတင်သတိပေးစနစ်များပြည်သူလူထုထံအမြန်ဆုံးရောက်ရှိစေရန်အတွက်သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍နည်းလမ်းစုံဖြင့်အသုံးပြုဖြန့်ဝေလျက်ရှိပါကြောင်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ပံ့ပိုးကူညီခဲ့မှုများကိုအထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးပြုပြီး ထိထိရောက်ရောက်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ဖိုရမ်သို့တက်ရောက်သောနိုင်ငံများက 2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management (BRIDRREM) ၏ ပူးတွဲကြေညာချက် (Joint Statement) ကို အတည်ပြုခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. WANG Xiangxi ကနိဂုံးချုပ်စကားပြောကြား၍အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR