ကုလသမဂ္ဂအထွေထွေညီလာခံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ကွန်ဗင်းရှင်း၌ (၁) ကလေးသူငယ်များ၏ အခွင့်အရေး၊ (၂) ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပါဝင်သည့်နိုင်ငံများ၏ ဆောင် ရွက်ရန် တာဝန်များ၊ (၃)ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ တာဝန်များ စသည့် အဓိကအပိုင်း(၃)ပိုင်း ပါရှိပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်း ရှင်း (Convention on the Rights of the Child - CRC) ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး (၁၅.၈. ၁၉၉၁) ရက်နေ့တွင် CRC အဖွဲ့၀င် နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။ ကွန်ဗင်းရှင်းတွင် ကလေးသူငယ် အခွင့်အရေးပိုင်း၌ အပိုဒ် ၄၁ပိုဒ်ပါရှိပြီး အပိုဒ်၄၂မှ အပိုဒ်၅၄အထိ အပိုဒ်၁၃ခုမှာ အဖွဲ့ဝင်နိုင်ငံတိုင်းက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝတ္တရားများဖြစ်ပါသည်။ CRCအဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်တွင်ပါရှိသည့် နိုင်ငံတော်၏ ဆောင်ရွက်ချက်များအား UNCRC Committeeသို့ နိုင်ငံအဆင့် အစီရင်ခံစာများ တင်ပြရန်ဆိုသည့်အချက်အတိုင်း မိမိတို့အစိုးရအနေဖြင့် နိုင်ငံအဆင့် အစီရင်ခံစာများအား တင်သွင်းဆောင်ရွက်လျက်ရှိပါသည်။ ပထမအကြိမ်အစီရင်ခံစာအား ၁၉၉၅ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အစီရင်ခံစာအား ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ တတိယ နှင့် စတုတ္ထအကြိမ် အစီရင်ခံစာအား ၂၀၀၉ ခုနှစ်တွင်လည်းကောင်း UNCRC Committeeသို့ ပေးပို့တင် ပြခဲ့ပါသည်။ လက်ရှိတွင် ပဥ္စမနှင့်ဆဋ္ဌမအကြိမ်အစီရင်ခံစာအား တင်သွင်းနိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု နိုင်ငံအဆင့် ပဥ္စမနှင့်ဆဋ္ဌမ အကြိမ်အစီရင်ခံစာ မြန်မာ/အင်္ဂလိပ်အား နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ ပေးပို့ထားရှိခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်
ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအား ဖော်ဆောင်ပေးနိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများအား မဆုံးရှုံးစေရန် အများပြည်သူများသို့ အသိပညာပေးခြင်း၊ ဥပဒေနှင့် ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စေတနာ့ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ INGO၊ NGO များအား သင်တန်းများပေးခြင်း၊ Case Manager များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိ ပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ တို့အား ထွက်ရှိနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။