လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ပြောင်းလဲ တိုးတက်လာသော အတွေးအခေါ်နည်းစနစ်များနှင့်အညီ ကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး၊ မှန်ကန်သောနည်းလမ်းများဖြင့် ပြုစုပျိုးထောင်နိုင်စေရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဌာနအခြေပြု၊ ရပ်ရွာ အခြေပြု၊ အိမ်အခြေပြု ဖွင့်လှစ်လျက်ရှိသော မူလတန်းကြိုကျောင်းများအား မှန်ကန်သော ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းစနစ်များနှင့်အညီ ဖွင့်လှစ်နိုင် ရေးအတွက် ရေးဆွဲခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဉပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နည်းဉပဒေကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါ သည်။
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေးဆွဲ ရန် လိုအပ်လျက်ရှိသည့် ကဏ္ဍပေါင်းစုံပါဝင်သော မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒတစ်ရပ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ကဏ္ဍပေါင်းစုံပါဝင်သည့် မြန်မာ့ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၁၈)ဦးဖြင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၅၂ / ၂၀၁၇ ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခဲ့ပါသည်။ ပြင်ဆင် သည့် ဉပဒေကိုလည်း ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဉပဒေအမှတ် ၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့တွင် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၇၆ / ၂၀၂၁ ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။
၂။ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အမျိုးသားအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝရရှိရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊
( ခ) နိုင်ငံတစ်ဝန်းလုံးရှိ မွေးကင်းစမှ အသက်ရှစ်နှစ်အရွယ် ကလေးများ၏ကျန်းမာရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိစေရေး၊ မူလတန်းကြိုနှင့် မူလတန်းပညာရေးတို့ကို အသက်အရွယ်အလိုက်ရရှိစေရေးတို့အတွက် ဦးဆောင် ၍ ဆောင်ရွက်ခြင်း၊
( ဂ) မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒပါ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေအရ ဖွဲ့စည်းသည့် ဗဟိုကြီးကြပ်ရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ အမျိုးသားရေးလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်ခြင်း၊
(ဃ) မူဝါဒပါ မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ရပ်ရွာအဆင့်မှအစပြု၍ အဆင့်တိုင်းတွင် အချင်းချင်း သဘော တူညီချက်များရရှိရန် ပူးပေါင်းဆောင်ရွက်မည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အသီးသီးတို့ကို ညှိနှိုင်းပေးခြင်း၊
( င) မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းနှင့် လမ်းညွှန်မှု ပေးခြင်း၊
အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း