မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၃၄% သည် အသက် (၁၅ - ၃၅) နှစ် အတွင်းရှိသော လူငယ်များ ဖြစ်ပါသည်။ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစု တစ်ရပ်လည်းဖြစ်၍ အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အရည် အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့် နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းများကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ညီညွတ်သော လူငယ် အင်အားစု တစ်ခု တည်ထောင်၍ ထိုအင်အားစုတွင် စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တက်ကြွဖျတ်လတ်မှု ရှိခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်းတို့နှင့် ပြည့်စုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ကြွနိုးကြားစွာဖြင့် ပံ့ပိုးနိုင်သည့် လူငယ်အင်အားစုတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းနိုင်ရေးအတွက် လျာထား ဆောင်ရွက်ခဲ့ပါသည်။
လူငယ်ရေးရာမူဝါဒအရ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူငယ်ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လူငယ့်ရေးရာကော်မတီများ ဖွဲ့စည်း ၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ လူငယ် ရေးရာကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ (၂၂.၅.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ (၆၆/၂၀၁၉)အရ ကော်မတီဝင် (၂၇) ဦးဖြင့် အတည်ပြုဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး တိုင်း ဒေသကြီး/ ပြည်နယ်အဆင့် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်/မြို့နယ် အဆင့် လူငယ်ရေးရာကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်း၍ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
လူငယ်ရေးရာကော်မတီဖွဲ့စည်းမှု
(က) ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
( ခ ) ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ(၁) |
( ဂ ) ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ(၂) |
(ဃ) ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( င ) အမြဲတမ်းအတွင်းဝန် ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( စ ) အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
(ဆ) အမြဲတမ်းအတွင်းဝန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန | အဖွဲ့ဝင် |
( ဇ ) အမြဲတမ်းအတွင်းဝန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( ဈ) အမြဲတမ်းအတွင်းဝန် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန | အဖွဲ့ဝင် |
(ည) အမြဲတမ်းအတွင်းဝန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( ဋ) ညွှန်ကြားရေးမှူးချုပ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
( ဌ ) လူငယ်ကိုယ်စားလှယ် ကချင်ပြည်နယ် | အဖွဲ့ဝင် |
( ဍ ) လူငယ်ကိုယ်စားလှယ် ကယားပြည်နယ် | အဖွဲ့ဝင် |
( ဎ ) လူငယ်ကိုယ်စားလှယ် ကရင်ပြည်နယ် | အဖွဲ့ဝင် |
(ဏ) လူငယ်ကိုယ်စားလှယ် ချင်းပြည်နယ် | အဖွဲ့ဝင် |
(တ) လူငယ်ကိုယ်စားလှယ် မွန်ပြည်နယ် | အဖွဲ့ဝင် |
(ထ) လူငယ်ကိုယ်စားလှယ် ရခိုင်ပြည်နယ် | အဖွဲ့ဝင် |
( ဒ) လူငယ်ကိုယ်စားလှယ် ရှမ်းပြည်နယ် | အဖွဲ့ဝင် |
(ဓ) လူငယ်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး | အဖွဲ့ဝင် |
(န) လူငယ်ကိုယ်စားလှယ် တနင်္သာရီတိုင်းဒေသကြီး | အဖွဲ့ဝင် |
(ပ) လူငယ်ကိုယ်စားလှယ် ပြည်ထောင်စုနယ်မြေ | အဖွဲ့ဝင် |
(ဖ) လူငယ်ကိုယ်စားလှယ် ပဲခူးတိုင်းဒေသကြီး | အဖွဲ့ဝင် |
(ဗ) လူငယ်ကိုယ်စားလှယ် မကွေးတိုင်းဒေသကြီး | အဖွဲ့ဝင် |
(ဘ) လူငယ်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး | အဖွဲ့ဝင် |
(မ) လူငယ်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး | အဖွဲ့ဝင် |
(ယ) လူငယ်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး | အဖွဲ့ဝင် |
(ရ) ညွှန်ကြားရေးမှူးချုပ် လူမှုဝန်ထမ်းဦးစီးဌာန | အတွင်းရေးမှူး |
(လ) လူငယ်ကိုယ်စားလှယ်တစ်ဉီး ဥက္ကဋ္ဌကတာဝန်ပေးအပ်သူ | တွဲဖက်အတွင်းရေးမှူး |
တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းမှု
တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လူမှုရေးဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာ ကိုယ်စားလှယ် (၁၀)ဦး၊ လူငယ်ကိုယ်စားလှယ် (၁၅) ဦး စုစုပေါင်း (၂၅)ဦးဖြင့် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်/ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်း၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။