နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာနှင့်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်းကောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃၀-၉-၂၀၂၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၈၃/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချမှတ်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဦးဆောင်သော လုပ်ငန်းကော်မတီ (၁၂) ခုကိုလည်း အမျိုးသားကော်မတီ၏ လက်အောက်တွင် ဖွဲ့စည်းထားရှိပါသည်။
ထို့အပြင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့အား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။
“ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ”
“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ”
"လုံခြုံရေးလုပ်ငန်းကော်မတီ"“ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ”
“သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ”
“ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ”
“ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ”
“အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ”