မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(The United Nations Convention on the Rights of the Child-UNCRC)အား ၁၉၉၁ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကလေး သူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်း၊ ညစ်ညမ်းရုပ်ပုံများဆိုင်ရာ CRC နောက်ဆက် တွဲစာချုပ် Convention on the Rights of the Child on the Sale of the Children Prostitution and Child Pornography) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၇ရက် နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂစာချုပ်၏ နောက်ဆက်တွဲစာချုပ် ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ် (CRC-OPAC)တွင်လည်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ၁၉၉၃ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်ဥပဒေအား ခေတ်စနစ်နှင့် လိုက်လျောညီထေွရှိစေရန်နှင့် ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက် များအား ပိုမိုလိုက်လျောညီထွေရှိစေရန် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ယခင်ကလေးသူငယ်ဥပဒေ (၁၉၉၃) တွင် အခန်း (၁၉)ခန်း၊ ပုဒ်မ(၇၅)ခုပါရှိပြီး ယခုကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) တွင် ကလေးသူငယ်များအား ဘက်ပေါင်းစုံမှ ပိုမိုကာကွယ်စောင့်ရှောက်နိုင်မည့်အခန်းများစွာ ထည့်သွင်း ထားရှိပြီး အခန်း(၃၀)၊ ပုဒ်မ(၁၂၁) ခုပါရှိပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ အခန်း (၃)၊ ပုဒ်မ ၅ အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ (National Committee on the Rights of the Child-NCRC)ကိုဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုမြှင့် တင်ဖော်ဆောင်နိုင်ရန် ခေတ်စနစ်အလိုက်လိုအပ်သည့် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်လျက်ရှိရာ (၁၂.၃.၂၀၂၁)ရက်နေ့တွင် အဖွဲ့ဝင်(၃၇)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေ ပုဒ်မ ၆တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်း ကော်မတီကို ၁၉.၃.၂၀၂၁ရက်နေ့တွင် အဖွဲ့ဝင် (၄၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဉပဒေအခန်း(၄) ပုဒ်မ ၈(က) အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ မြို့နယ်ဒေသဆိုင်ရာကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်အား ပြန်လည်ဖွဲ့စည်း လျက်ရှိပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးနှင့် ပတ်သက်၍ နည်းဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့အား အဖွဲ့ဝင်(၂၉)ဉီးဖြင့် ဖွဲ့စည်းပြီး နည်းဥပဒေမထုတ်ပြန်မီကြား ကာလတွင်လည်း လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လိုအပ်သော ညွှန်ကြားချက်များ၊ အမိန့်များ၊ စံသတ် မှတ်ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန၊ National Team Members များ၊ International Development Law Organization(IDLO) မှ Consultants များဖြင့် နည်းဥပဒေ အား ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ ယင်းအပြင် ကလေးသူငယ်များဘေးကင်းလုံခြုံစေမှုဆိုင်ရာ တာဝန်ယူမှုများကို မိသားစုနှင့်ရပ်ရွာမှ ကျေပြွန်စွာတာဝန်ယူလုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံတော်မှ ပံ့ပိုး ပေးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒရေးဆွဲခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိပါသည်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒအား ပြဋ္ဌာန်းနိုင်ရေးအတွက် မူဝါဒ၏ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ နယ်ပယ်၊ အခြေခံ မူဝါဒများ၊ တန်ဖိုးများ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Issueများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာချဉ်းကပ်မည့် နည်းလမ်း များ၊ မဟာဗျူဟာများနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း