၁။ ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်ကို၂၀၁၈ခုနှစ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် Ms. Pramila Pattenတို့လက်မှတ်ရေးထိုးခဲ့ပါသည်။ပူးတွဲကြေညာချက်အား အကောင်အထည်ဖော်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက်၂၀၁၉ခုနှစ်တွင်ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီနှင့်ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်(မူကြမ်း)ရေးဆွဲလျက်ရှိပါသည်။
၂။ ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအားနိုင်ငံတော်သမ္မတရုံး၏ (၁၅.၆.၂၀၂၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၈၀/၂၀၂၀ဖြင့်ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအဖြစ်အမည်ပြောင်းလဲသတ်မှတ်ခဲ့ပြီးလုပ်ငန်းကော်မတီအားလည်းပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖြစ်အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် ပဋိပက္ခတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအနေဖြင့် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၃၁.၃.၂၀၂၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၈၀/၂၀၂၁ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏(၅.၅.၂၀၂၁)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊၁/၂၀၂၁ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၄။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ(၁/၂၀၂၁)အစည်းအဝေးကို (၂၆.၄.၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။
၅။ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှပိုမိုကာကွယ်စောင့်ရှောက်နိုင်ခြင်း၊အကောင်အထည်ဖော်ဆောင်ရွက်ရန်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ်ပြန်လည်သုံးသပ်ခြင်း၊ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ထိထိရောက်ရောက်အသိပေးနိုင်ခြင်းတို့ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၂/၂၀၂၁) မှတ်တမ်းဓာတ်ပုံ