ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဉပဒေကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဉပဒေကို ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ရေးဆွဲထုတ်ပြန် ခဲ့ပါသည်။ ပြင်ဆင်သည့်ဉပဒေကိုလည်း ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဉပဒေအမှတ် ၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။
ဤဉပဒေအရ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၀.၁၁.၂၀၁၆) ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၇၁/၂၀၁၆ ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၇၇/၂၀၂၁ ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါ သည်။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဉပဒေအရ ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များအပါအဝင် အောက်ပါလုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည် -
(က) ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာ အကူအညီနှင့် အသိပညာပေးရေးတို့ကိုအတွက် စီမံဆောင်ရွက်ခြင်း၊
(ခ) နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုလုပ်ငန်း၊ အိမ်အခြေပြုလုပ်ငန်းများကို မြို့များတွင်သာမက ကျေးရွာများအထိပါ နိုင်ငံ တစ်ဝန်းလုံး ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခြင်း နှင့် သင့်လျော်သောအကူအညီနှင့် အထောက်အပံ့များပေးခြင်း၊
(ဂ) ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအစိုးရဌာန များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(င) ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား နေ့ကလေးထိန်း ဌာနနှင့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ရပ်ရွာ အခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများအား ခွင့်ပြုချက်များ ထုတ်ပေးခြင်း၊
(စ) ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်သော နေ့ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုလုပ်ငန်းနှင့် အိမ်အခြေပြုလုပ်ငန်းများကို ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း၊
(ဆ) ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ရှေးဦးအရွယ်ကလေးသူငယ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် အကူအညီပေးရေးအတွက် လမ်းညွှန်မှုပေးခြင်း နှင့် ကြီးကြပ်ခြင်း၊
(ဇ) ရှေးဦးအရွယ်ကလေးသူငယ်များအား ဖြည့်စွက်အာဟာရကျွေးမွေးမှုအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းနှင့် အမွှာပူးကလေးမွေးဖွားသည့် မိခင်နှင့်ကလေးများအား သင့်လျော်သည့် အကူအညီအထောက်အပံ့များပေးခြင်း၊
(ဈ) ဤဉပဒေအရ ထူထောင်သောရန်ပုံငွေကို ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့၌ လိုအပ်သလို ခွဲဝေအသုံးပြုခွင့်ပေးခြင်း နှင့် လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ခြင်း။
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း