ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိအကြားအာရုံမသန်စွမ်းသောကလေးများအတွက်ဖွင့်လှစ်ထား သည့်နားမကြားသောကလေးများကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ကလေးများအားအတန်းပညာကိုလက်သင်္ကေတပြဘာသာစကား (Sign Language)ဖြင့်သင်ကြားပေးနေမှု အခြေ အနေ၊အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သောကွန်ပျူတာကျွမ်းကျင်မှု၊ပန်းအလှပြင်သင် တန်း၊စက်ချုပ်သင်တန်း၊မုန့်မျိုးစုံနှင့် အစားအစာချက်ပြုတ်ပြင်ဆင်မှုသင်တန်း၊ အကသင်တန်း၊ ပလပ်စတစ်ဆွဲခြင်းရက်လုပ်ခြင်းသင်တန်း၊ ပန်းချီသင်တန်း အစရှိသည့်ပညာရပ်များ လေ့ကျင့် သင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ကလေးများအား စာပေပညာနှင့် အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား/ ကျောင်းသူ အိပ်ဆောင်များကို လိုက်လံစစ်ဆေးကာ ကလေးများအနေဖြင့် ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း မိမိကိုယ်ကိုယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့ရပ်တည်နိုင်စေရေး၊ မိသားစုနှင့် နိုင်ငံအတွက်အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်လာစေရေး စနစ်တကျ သင်ကြားလေ့ကျင့်နိုင်ရန် အတွက် စေတနာ၊ ဝါသနာ၊ ကရုဏာ အရင်းခံ၍ ကျွမ်းကျင်သည့်နည်းပညာများဖြင့်စဉ်ဆက် မပြတ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပါသည်။ နားမကြားသောကလေးများကျောင်းတွင် မူလတန်းပညာသင်ကြားနေသူ ၆၈ ဦး၊  အလယ်တန်းပညာသင်ကြားနေသူ ၆ ဦး စုစုပေါင်း ၇၄ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌မှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) သို့သွားရောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ရေသန့်စင်စက်တင်ယာဉ်များ၊ အသက်ကယ် ရာဘာလှေ၊ အသက်ကယ် ရာဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာပစ္စည်းများ ရောက်ရှိသိုလှောင်ထားရှိမှုနှင့် ပစ္စည်းအမျိုးအစားအလိုက် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးကာ ဖြန့်ခွဲသိုလှောင်ထိန်းသိမ်းထားရှိမည့် အစီအမံအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၃)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဦးတည်ရည်မှန်းချက်များနှင့်အညီ  ဦးစီးဌာနအလိုက်လုပ်ငန်း တာဝန်များကိုထိရောက်မြန်ဆန်စွာ ထမ်းဆောင်နိုင်ရေးဆိုင်ရာများ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR