ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအားလူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကိုပုသိမ်မြို့ရှိမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်း၊ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုရေးပင်စင်ထောက်ပံ့ငွေများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များအတွက်ထောက်ပံ့ငွေများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများ စုစုပေါင်း ငွေကျပ် ၁၂၄၅၉ဒဿမ ၄၂၈ သန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ် ၁၆၄၁ဒဿမ၀၃၀ သန်း၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် ၈၉၁၀ ဒဿမ ၉၀၀ သန်းတို့ကိုပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေကျပ် ၅၁၆ ဒဿမ ၂၁၈ သန်းနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ငွေကျပ် ၁၃၉၁ ဒဿမ ၂၈၀ သန်းတို့ကိုအသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးလိုက်ပါလျက်မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်း(အလျား၈၅၀ပေ)လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဘိုးပိုင်များဆောင်ရွက်ထားရှိမှုနှင့်လုပ်ငန်းပြီးစီးမှုအခြေအနေများကိုလုပ်ငန်းရှင်းလင်းဆောင်တွင်ပါဝါပွိုင့်များ၊ဓာတ်ပုံမှတ်တမ်းများနှင့်ရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများအချိန်မီပြီးစီးရေးအထူးအလေးထားဆောင်ရွက်ရန်၊ပစ္စည်းများအရည်အသွေးပြည့်မီစွာဖြင့်စံချိန်စံညွှန်းပြည့်မီစေရေးကြပ်မတ်စိစစ်ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပြီးလုပ်ငန်းခွင်လုပ်ဆောင်နေမှုများအားကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍သိုလှောင်ရုံအတွင်းကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ထားရှိမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီးကယ်ဆယ်ရေးပစ္စည်းများအားလေလွင့်ပျက်စီးမှုမရှိစေရေးလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျဆောင်ရွက်ကြရန်၊သိုလှောင်ရုံအတွင်းကယ်ဆယ်ရေးပစ္စည်းများထပ်မံဖြည့်တင်းထားရှိရန်၊ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး၊စွန့်ပစ်အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး၊လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR