ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့် မူလ တန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတည်ဆောက်ထားရှိ သည့်နေရာတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ အတူတက်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အား ဖဲကြိုး ဖြတ်၍ဖွင့်လှစ်ပေးခဲ့ကာ  ကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ကပြဖျော်ဖြေပေးခဲ့သော အကအဖွဲ့များအားဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအားအမွေးနံသာဖြင့် ပက်ဖျန်းခဲ့ကြပါသည်။ ထို့နောက် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုပြီး မူကြိုကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ကာ  မုန့်နှင့်အရုပ်များပေးအပ်ခဲ့ပါသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနသည်ကလေးသူငယ်များရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်ရပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်အဖြစ်သတ်မှတ်တဲ့ မွေးဖွားသည်မှအသက်(၈)နှစ်အရွယ်ထိအချိန်ကာလဟာကလေး၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုသာမကဦးနှောက်ကြီးထွားဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် သင်ယူနိုင်မှု အားအကောင်းဆုံးအချိန်ဖြစ်ပါကြောင်း၊ ဘဝတစ်သက်တာအတွက် အရေးကြီးဆုံးအခြေခံအုတ်မြစ်ကိုချပေးကြရမည့်အချိန်ကာလဖြစ်ပါကြောင်း၊ကန်ကြီးထောင့်မူလတန်းကြိုကျောင်းအား  လူမှုဝန်ထမ်းဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်(၃၆၀.၈၃၀)သန်းဖြင့် RC(၃)ထပ်အဆောက်အဦကိုဆောက်လုပ်ပေးခဲ့ပါကြောင်း၊ကန်ကြီးထောင့်မူလတန်းကြိုကျောင်းကိုဆောက်လုပ်ဖွင့်လှစ်ပေးခြင်းဖြင့်အသက်(၃)နှစ်မှ(၅)နှစ်မူလတန်းကြိုအရွယ်ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊မူလတန်းကြိုအရွယ်မှာကာယဖွံ့ဖြိုးမှု၊ဉာဏဖွံ့ဖြိုးမှု၊စာရိတ္တဖွံ့ဖြိုးမှု၊လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊အာဟာရဖွံ့ဖြိုးမှုနှင့်ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိစေရေးဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကလေးသူငယ်များဟာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်သွားကြမည့် အရေးပါတဲ့သူများဖြစ်သည့်အတွက်နိုင်ငံတော်အနေဖြင့် ယခုလို အခြေခံအဆောက်အဦများ တည်ဆောက်ပေးပြီး စနစ်ကျသည့်ပြုစုစောင့်ရှောက်မှုများပံ့ပိုးပေးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကျေးဇူးအထူးတင်ရှိပါကြောင်း၊နိုင်ငံတော်အစိုးရနဲ့  ရပ်ရွာပြည်သူလူထုတို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံအတွက်အားထားရတဲ့ လူတော်လူကောင်းလေးများဖြစ်အောင် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းမြေနေရာအား လှူဒါန်းသောအလှူရှင် ပါရမီရိပ်သာ ကျောင်းတိုက် ဒါယိကာ၊ ဒါယိကာမများနှင့်ပါရမီဘက်စုံထောက်ကူအဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးကျောင်းဆောင်သစ်နှင့်ပတ်သက်သောစာရွက်စာတမ်းများအား ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းတွင် ကလေးငယ်(၇၅) ဦးအား မူကြိုပညာရေး သင်ကြားပေးလျက်ရှိပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ကလေးပြုစုရေးဌာနသို့ သွားရောက်၍ ကလေးငယ်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အရုပ်နှင့်မုန့်များပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးပြုစုရေးဌာနကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့သွားရောက်ခဲ့ပြီး အမျိုးသမီးများစွမ်းဆောင်ရည်မြင့်တင်ရေးရပ်ရွာအခြေပြုမုန့်လုပ်နည်းသင်တန်းတွင် တက်ရောက်နေသောသင်တန်းသူများအားမုန့်လုပ်နည်းသင်ခန်းစာပို့ချနေမှု၊ မိန်းမဝတ် (စင်တီမီတာ) သင်တန်း၊ မိန်းမဝတ် (လက်မ) သင်တန်းတို့တွင် သင်ကြားနေမှုများအား ကြည့်ရှုပြီး သင်တန်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ပါသည်။ အိမ်တွင်းမှုသင်တန်းများပေးပြီး အကျိုးရှိအောင် အသုံးပြုရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် သင်တန်းတက်ပြီးသူ ကျောင်းသူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်မှုရှိ-မရှိအား ဆရာမများမှစဉ်ဆက်မပြတ်ဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် သင်တန်းသားများခေါ်ယူသည့်အခါတွင် သင်တန်းများနှင့်ပတ်သက်၍ အရည်အချင်းသတ်မှတ်ချက်များအား ထည့်သွင်းပြီးဖော်ပြရန် လိုအပ်ပါကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR