ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်သည့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း၊အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊တာဝန်ရှိသူများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများကနေပြည်တော်ရှိ Aureum Palace Hotel ၌လည်းကောင်း၊ AHA Centre မှ Executive Director Mr. Lee Yam Ming နှင့် တာဝန်ရှိသူများက Online မှ လည်းကောင်းတက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားရာ၌ကချင်ပြည်နယ်၏ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေသောပုဂ္ဂိုလ်များကို ဦးတည်ပြီးယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းကာ ၂၀၂၁ခုနှစ်မှစတင်၍ သင်တန်းများဖွင့်လှစ်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံသည် သဘာဝဘေးစီမံခန့်ခွဲရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် ASEAN Agreement on Disaster Management and Emergency Response (AADMER) ကို သဘောတူလက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM)နှင့် ပူးပေါင်း၍ AADMER စာချုပ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ACDMFocus Point အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ AADMER အရ အာဆီယံဒေသတွင်း သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-Emergency Response and Assessment Team- ASEAN-ERAT)ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခပါကြောင်း၊ ASEAN-ERATအဖွဲ့သည် ဘေးအန္တရာယ်ကျရောက်သော အိမ်ရှင်နိုင်ငံအစိုးရ၏အနီးကပ်ကြီးကြပ်မှုနှင့် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဖြစ်သည့် ဘေးသင့်ဒေသများတွင် ကနဦးစာရင်းကောက်ယူခြင်း၊ လူသားချင်းစာနာကူညီမှုအဖွဲ့အစည်းများနှင့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်းခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်းစသောလုပ်ငန်းများနှင့် သက်ဆိုင်ရာနိုင်ငံအစိုးရကပေးအပ်သော သီးခြားတာဝန်များ ထမ်းဆောင်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်ASEAN-ERAT သင်တန်းတက်ရောက်ပြီးသူ(၂၂)ဦး လက်ရှိတာဝန်ထမ်းဆောင်နေပြီး ASEAN ဒေသတွင်း ဘေးကျရောက်မှုများတွင် ပူးပေါင်းရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ရှိနေပါကြောင်း၊ ဒေသတွင်းအဆင့်တွင် ဖွဲ့စည်းထားသော ASEAN-ERAT ကဲ့သို့မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ နိုင်ငံအဆင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များမှာ ကူညီနိုင်ရေးအတွက်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်မြန်မာနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့်ပူးပေါင်း၍မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နည်းပြသင်တန်း(၁)ကြိမ်ကို ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလတွင် သင်တန်းသား(၁၅)ဦးဖြင့်ဆောင်ရွက်နိုင်ခပါကြောင်း၊ AHA Centre က နည်းပြများဖြင့်လေ့ကျင့်ထားသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူအရာထမ်းများ၏ပို့ချပေးမှုဖြင့်မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးသင်တန်းအမှတ်စဉ်(၁)နှင့် (၂)ကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် နေပြည်တော်တွင်ဖွင့်လှစ်နိုင်ခပါကြောင်း၊ ယခုသင်တန်းတွင် ယခင်အပတ်စဉ် (၁)နှင့် (၂)တွင် ပို့ချသော နည်းပြများအပြင် AHA Centre က ကျွမ်းကျင်ပညာရှင်များက Online ဖြင့် ပါဝင်ပို့ချကြမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် သဘာဝဘေးစီမံခန့်ခွဲမှုစက်ဝန်းပါ လုပ်ငန်းများကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များနှင့်ပေါင်းစပ်ညှိနှိုင်းကာအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအပိုင်းကို ပိုမိုဦးစားပေးကာ အာဆီယံနှင့် ဒေသတွင်း ဘေးအန္တရာယ်ပူးတွဲ တုံ့ပြန်နိုင်ရေး စတင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သင်တန်းတက်ရောက်၍ ရရှိလာသည့် အတွေ့အကြုံများကို သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်စေရန်၊ သက်ဆိုင်ရာဌာနများနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်စေရန်နှင့် သင်တန်းသားအများစုသည် လူမှုရေးအဖွဲ့အစည်းများတွင် ဆောင်ရွက်နေသူများဖြစ်သည့်အတွက် မိမိနေထိုင်ရာမြို့နယ်ဒေသကို အထောက်အကူပြုနိုင်စေရန်တို့အတွက် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် AHA Centre မှ Executive Director Mr.Lee Yam Ming ကမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းကို ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်မှစတင်၍ စီစဉ်ခပါကြောင်း၊ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း(MDRT)သင်ရိုးညွှန်းတမ်းကိုရေးဆွဲခဲ့ပြီးနည်းပြသင်တန်း(၁)ကြိမ်ကို၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာသင်တန်းသား(၁၅)ဦးဖြင့်ဆောင်ရွက်နိုင်သကဲ့သို့ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း(MDRT)(၁)နှင့်(၂)အားလည်း အောင်မြင်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုသင်တန်းတွင် အချို့သော သင်ခန်းစာများအား Virtually ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ MDRT သင်တန်းနှစ်စဉ်ပိုမိုဆောင်ရွက်နိုင်ရေး ASEAN-ERAT သင်တန်းများသို့ မြန်မာကိုယ်စားလှယ်များ ဖိတ်ကြားနိုင်ရေးတို့အား ဆက်လက်အလေးထားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Video Conferencing စနစ်ဖြင့်  ပြောကြားခပါသည်။

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း၊ အမှတ်စဉ်(၃)ကို (၁၂-၁၂-၂၀၂၂)ရက်နေ့မှ (၁၇-၁၂-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR