ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၄-၁၀-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှသင်တန်းသား/သူများတက်ရောက်ကြပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကလေးသူငယ်များသည်အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်အရေးပါသူများဖြစ်သောကြောင့်စနစ်ကျသည့်ပြုစုစောင့်ရှောက်မှုများလိုအပ်ပြီး ပဲ့ကိုင်ပေးသည့်မိဘအုပ်ထိန်းသူများ၊မူလတန်းကြိုဆရာမများ၏စွမ်းရည်ပြည့်ဝရန်လိုအပ်ကြောင်း၊ ကလေးတစ်ဦးချင်းစီ၏ ငယ်စဉ်ကာလသည်အနာဂတ်ခရီးကိုပုံဖော်ရန်လမ်းပြမြေပုံချမှတ်ပေးရသည့်အချိန်ဖြစ်ပါသောကြောင့် မူလတန်းကြိုဆရာ၊ ဆရာမများအနေဖြင့်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုကို နားလည်ထားရမည်ဖြစ်ပြီး မွေးစမှ အသက်ရှစ်နှစ်အရွယ်အထိ ကာလသည်ဦးနှောက်အလျင်အမြန်ကြီးထွားနေသည့်အချိန်ဖြစ်သောကြောင့်အတွေ့အကြုံနှင့်သင်ယူမှုများသည်ဦးနှောက်၏ ဗိသုကာပုံစံကို ထုဆစ်ပုံဖော်နေသည့်ကာလဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှာအခြေခံအလေ့အကျင့်ကောင်းများရရှိစေခြင်းဖြင့်အနာဂတ်သက်တမ်းတစ်လျှောက်အခက်အခဲစိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်မှုနှင့် လေ့လာသင်ယူနိုင်မှုစွမ်းရည်များကို တည်ဆောက်နိုင်မှုစသည့်အရည်အချင်းကောင်းတွေကို ရရှိစေမည်ဖြစ်သောကြောင့် မူကြိုဆရာမများ၏ စွမ်းရည်သည်အနာဂတ်နိုင်ငံတော်ထူထောင်ရေးတွင်အရေးကြီးပါကြောင်း၊ကလေးဘဝအရွယ်၏ဦးနှောက်ဖွံ့ဖြိုးမှုသည် သိမှုဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပါအဝင် ကာယဖွံ့ဖြိုးမှု၊စာရိတ္တဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု အစရှိသည်ဖြင့်တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသောကြောင့်ပတ်ဝန်းကျင်၏ လှုံ့ဆော်မှုသည် လည်းအရေးကြီးပါကြောင်း၊ကလေးဖွံ့ဖြိုးမှုအတွက် ပံ့ပိုးမှုပေးပြီးစိတ်ချရသည့်ပတ်ဝန်းကျင်တစ်ခုသည်ကလေးတစ်ဦး၏အနာဂတ်သင်ယူမှုအပေါ်ထိရောက်သည့် စွမ်းရည်များကို ပုံဖော်နိုင်မှာဖြစ်သောကြောင့်ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ(Early Childhood Intervention – ECI) လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူသွားရမည်ဖြစ်ကြောင်း၊ ကလေးတစ်ဦးချင်းစီ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များသည်အသက်အရွယ်အလိုက် ဆင့်ကဲဖြစ်စဉ်များဖြစ်သောကြောင့် မွေးစမှ အသက် ၅ နှစ်အရွယ်အထိ ကလေးများ၏အခြေအနေကို အကဲဖြတ်နားလည်ခြင်းသည် မူကြိုဆရာမများအတွက် အရည်အချင်းမြင့်သည့်ကျွမ်းကျင်မှုများဖြစ်ပါကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုကိုနားလည်သည့် ဆရာမတစ်ဦးဖြစ်မှသာကလေးတစ်ဦးချင်းစီ၏စွမ်းရည်အပြည့်အဝဖွံ့ဖြိုးရန်အတွက်အမှန်တစ်ကယ်ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍအတွက်ချမှတ်ထားသည့်မူဝါဒများ၊ မဟာဗျူဟာများ၊ ဥပဒေများ၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်စီမံခန့်ခွဲမှုနည်းလမ်းများ၊သင်ရိုးညွှန်းတမ်းအခြေပြုသင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ မိဘရပ်ရွာအသိပညာပေးခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့်အကဲဖြတ်ခြင်းတို့ကို ကောင်းစွာအသုံးပြုတတ်အောင် သင်ယူလေ့လာသွားကြစေလိုကြောင်း၊ ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းများသည် အနာဂတ်အတွက် အားထားရသူများဖြစ်လာစေရေး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စေတနာထားပြီး ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပါသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမွမ်းမံသင်တန်းကို ၁၃-၁၀-၂၀၂၅ ရက်နေ့မှ ၁၇-၁၀-၂၀၂၅ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ သင်တန်းသူ ၄၄ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR