ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ၁၉-၁၀-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့် မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများပါဝင်တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိုင်းလုပ်ငန်းစဉ် (၅) ရပ်အနက် မိုင်းအန္တရာယ် အသိပညာပေးခြင်း (Mine Risk Education)၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအားကူညီထောက်ပံ့ခြင်း (Victim Assistance) နှင့် တိုက်တွန်းနှိုးဆော်ခြင်း (Advocacy) စသည့် မိုင်းလုပ်ငန်းစဉ် (၃) ရပ်အားဆက်နွယ်ဌာနများဖြင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုင်းအဝန်းအတွင်းသန်စွမ်းသူများနည်းတူပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာရပ်တည်နေထိုင်နိုင်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် နည်းဥပဒေများ (၂၀၁၇) တို့နှင့်အညီမသန်စွမ်းသူမှတ်ပုံတင်ထုတ်ပေးခြင်း၊ကူညီထောက်ပံ့ခြင်း၊ ပညာသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကျောင်းအတွက် ပံ့ပိုးကူညီခြင်းတို့အားဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောပြည်တွင်းသောင်းကျန်းမှုများနှင့် လက်ရှိဖြစ်ပေါ်နေသောအကြမ်းဖက်တိုက်ခိုက်မှုများ၏မလိုလားအပ်သောအကျိုးဆက်အဖြစ် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုထိပါးခြင်းခံရရုံသာမကအချို့သူများမှာကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးမှုများကိုရင်ဆိုင်နေကြရပါကြောင်း၊ ပြည်သူများအနေဖြင့် မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများ၏အန္တရာယ်ကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်  အန္တရာယ်ဖြစ်ပွားနိုင်ခြေတို့ကို လျှော့ချနိုင်ရေးမိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရှိထားပြီးဖြစ်သောအသိပညာဗဟုသုတများနှင့်  သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတများအားပေါင်းစပ်ပြီးမသန်စွမ်းသူများအားစာနာစိတ်ဖြင့် အလေးထားဆောင်ရွက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးတိုးမြှင့်ဖော်ဆောင်မှုနှင့်အတူပြည်သူများပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်ကင်းဝေးစေရေးပါဝင်ဆောင်ရွက်စေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ “ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့် မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်း” အား (၁၉-၁၀-၂၀၂၆)နေ့မှ(၂၁-၁၀-၂၀၂၆)နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပြင် ဆက်စပ်အဖွဲ့အစည်း/ဌာန (၁၉)ခုမှ မှ အရာထမ်း (၄၀)ဦးတက်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR