ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅တို့ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟိုင်နန်မြို့၌၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပါဝင်တက်ရောက်လျက်ရှိပါသည်။

နိုဝင်ဘာလ (၅)ရက်နေ့ မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီ ဥက္ကဋ္ဌ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ Wang Xiangxi နှင့် သီးခြားတွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်ရေး၊ ကြိုတင်သတိပေးစနစ်နှင့် သတင်းအချက်အလက်မျှဝေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး၊ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှုကိုအခြေခံသည့် မန္တလေးငလျင်ကြီးတုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပံ့ပိုးပေးခဲ့မှုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ပါသည်။

ယင်းနေ့ညနေပိုင်းတွင် အိမ်ရှင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့်ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

နိုဝင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းတွင်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Wang Xiangxiက အဖွင့်အမှာစကားပြောကြားပြီး ကောင်စီဖွဲ့စည်းခဲ့မှုနှင့် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ အထိမ်းအမှတ်ရုပ်သံ ဗီဒီယိုအားပြသပါသည်။ ထို့နောက် ကိုမိုရို၊ ဂမ်ဘီယာ၊ ဂျော့ဂျီရာ၊ ဟွန်ဒူးရပ်၊ မာလဝီ၊  တွန်ဂါနှင့် ဇင်ဘာဘွေ နိုင်ငံများနှင့် ကုလသမဂ္ဂ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (UNDRR)နှင့် အာရှဒေသ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးစင်တာ(ADPC) တို့အား အဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းဆောင်ရွက်ခဲ့ပါသည်။ယင်းနောက်ကောင်စီအဖွဲ့ဝင်များကနိုင်ငံအလိုက် အမှာစကားများပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးကရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီသည် ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးကိစ္စရပ်များကို အဖွဲ့ဝင်နိုင်ငံများအကြားဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ အတွေ့အကြုံကောင်းများမျှဝေခြင်းတို့အတွက်ကောင်းမွန်သည့်ပလပ်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ကောင်စီ၏ပြည်သူသည်သာပထမ၊ ပြည်သူ့ဘဝရှင်သန်ရေးသည်အဓိကဦးစားပေးဆိုသည့် ရည်မှန်းချက်သည် မိမိဝန်ကြီးဌာန၏ ဦးတည်ရည်မှန်းချက်ဖြစ်သော ပြည်သူများဘေးကင်းလုံခြုံပြီး ဘေးဒဏ်မှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် လူမှုအသိုက်အဝန်းဖြစ်စေရေးနှင့်ကိုက်ညီမှုရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် BRIDRREM ၏ဆောင်ပုဒ်ဖြစ်သော “A Community with a Shared Future: Building a Rapid and Efficient Emergency Rescue Mechanism” အားကြိုဆိုထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဆောင်ပုဒ်နှင့်အညီ လက်တွေ့ကျ‌သောလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။ နံနက်ပိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အခြားသော ဝန်ကြီးများနှင့်အတူ ဟိုင်နန်မြို့ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် မီးဘေးကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသမှုသို့ တက်ရောက်ကြည့်ရှုလေ့လာပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးသို့ ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ၏ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR