ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆာမာကန်မြို့တွင် ကျင်းပလျက်ရှိသည့် ကလေးသူငယ်များ၏ သာယာဝပြောရေး၊ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ဥဇဘက်ကစ္စတန်နိုင်ငံ၊နိုင်ငံတော်သမ္မတ၏အကြံပေးပုဂ္ဂိုလ်နှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့် နှစ်နိုင်ငံချင်းသီးသန့်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အကြား နှစ်နိုင်ငံချင်းသံတမန်ထူထောင်ခဲ့သည်မှာ ၂၀၀၂ ခုနှစ်မှ စတင်ခဲ့ရာယခုနှစ်ဆိုလျှင် ၂၄ နှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ မကြာမီ ငွေရတုနှစ်ပတ်လည်သို့ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုရင်းနှီးချစ်ခင်စွာတိုးမြှင့်တည်ဆောက်သွားပြီးလူမူကာကွယ်စောင့်ရှောက်မူလုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားရန် အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဥဇဘက်ကစ္စတန် နိုင်ငံတော်သမ္မတ၏အကြံပေးပုဂ္ဂိုလ်နှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ
ကလေးသူငယ်များ၏အနာဂတ်နှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR