ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့်ကော်မရှင်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏(၁၆၅)နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်များအတွက် အစိုးရအုပ်ချုပ်မှုယန္တရားနှင့်ဆီလျော်သည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဥပဒေအာဏာတည်ခဲ့ကြောင်း၊အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့်နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန် နိုင်ငံ့ဝန်ထမ်းများတွင်တာဝန်ရှိသကဲ့သို့နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင် အဂတိလိုက်စားမှုများ ကင်းရှင်းရန်လိုအပ်ကြောင်း၊ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် အဂတိလိုက်စားမှုကင်းစင်မှသာ အဖွဲ့အစည်း၏ပုံရိပ်ကောင်းမည်ဖြစ်ပြီး အဖွဲ့အစည်း တစ်ခုချင်းစီက အဂတိလိုက်စားမှု ကင်းစင်မှသာ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုများကို ရှောင်ကြဉ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဖွဲ့စည်းထားရှိပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ မူဝါဒ(၃)ရပ်ချမှတ်ကာအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (Terms Of Reference –TOR)နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများ(Standard Operating Procedures- SOP) တို့ကိုလည်းရေးဆွဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အတွက် ဝန်ကြီးဌာန CPU (Corruption Prevention Unit) ၁ ခု၊ ဦးစီးဌာန CPU ၃ ခုနှင့် DEO (Data Entry Office) ၃၃ ခု တို့ကို ဖွင့်လှစ်ထားပြီး အသုံးပြုနည်းသင်တန်းများကိုလည်း ယခုသင်တန်းအပါအဝင် စုစုပေါင်း(၆)ကြိမ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခု ဖွင့်လှစ်သည့် သင်တန်းတွင် ဝန်ဆောင်မှုယူကြရသော ပြည်သူတစ်ဦးချင်းထံသို့ Public Feedback Programme– PFPနည်းပညာအသုံးပြုပြီး တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်၍ အသေးစားအဂတိလိုက်စားမှု မဖြစ်စေရန် တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး ဆွေးနွေးပို့ချပေးမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်ကအမှာစကားပြောကြားရာတွင် ကော်မရှင်အနေဖြင့် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနိုင်ရေး PFP Web Portal အသုံးပြုနည်းသင်တန်းများကို ၉-၉-၂၀၂၂ ရက်နေ့တွင် Hybrid စနစ်ဖြင့် လည်းကောင်း၊ ၁၅-၁၁-၂၀၂၂ ရက်နေ့တွင် Online မှတစ်ဆင့်လည်းကောင်း၊ ၉-၂-၂၀၂၃ ရက်နေ့တွင် User Level အလိုက် လက်တွေ့လေ့ကျင့်မှုအစီအစဉ်ကို Online မှ တစ်ဆင့် လည်းကောင်း စုစုပေါင်း(၃)ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု PFP Web Portal အသုံးပြုနည်းသင်တန်းကိုလည်း ဦးစီးဌာန(၃)ခုရှိ ဝန်ထမ်း(၆၁)ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ၃ ရက်တာ  In-Person ဖြင့် လက်တွေ့အသုံးချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပို့ချမည့် PFP အသုံးပြုနည်းသင်တန်းကို တက်ရောက်မည့် သင်တန်းသားများက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်/ မြို့နယ် များမှ PFP ကို တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်းများဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခုလို အခက်အခဲကြားက အနယ်နယ်အရပ်ရပ်က သင်တန်းသားများကို စုစည်းပြီး သင်တန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ ပြည်ထောင်စုဝန်ကြီးနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များအနေဖြင့် မိမိတို့ရဲ့မူလလုပ်ငန်းတာဝန်များ များပြားနေသည့်ကြားမှ CPU ၏ လုပ်ငန်းတာဝန် များနှင့် လုပ်ငန်းအစီအစဉ်များကို အားတက်သရော ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရတဲ့ အတွက် ဝမ်းမြောက်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်နှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ဆွေးနွေးနိုင်ပါကြောင်း၊ သင်တန်းမှာ ကော်မရှင်ရုံးက တာဝန်ရှိသူတွေပို့ချသည့် သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာမှတ်သားစေလိုပါကြောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာမှာလည်း နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ကော်မရှင်အနေဖြင့် ကူညီပံ့ပိုး ဖြေရှင်းပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဆွေးနွေးပို့ချပေးမည့် နည်းပညာ ပိုင်းဆိုင်ရာသင်ခန်းစာများကို အလေးအနက်ထား မှတ်သားလိုက်နာပြီး ကိုယ်တိုင်တတ်သိ

လိုစိတ်ဖြင့် ကြိုးစားလေ့လာကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးမှ PFP Web Portal အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်းသင်တန်းအား ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ ၁၀-၇-၂၀၂၃ ရက်မှ ၁၂-၇-၂၀၂၃ ရက်အထိ(၃)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်ရုံးချုပ်(၃၆)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်(၂၅)ဦး စုစုပေါင်း သင်တန်းသား (၆၁) ဦးတက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR