ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးညှိနှိုင်းအစည်းအဝေး Online အစီအစဉ်ကို (၂၁..၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ ကြပြီးနှင့် ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအား မြေပြင်တွင် စွမ်းစွမ်းတမံ ပူးပေါင်း၍ အားဖြည့်ကူညီပူးပေါင်း ပါဝင်ဆောင် ရွက်ပေးလျက်ရှိတဲ့ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများအား ယခုကဲ့သို့ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများတွင် ထပ်မံပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေးနိုင်ရန်နှင့် ပံ့ပိုးပေးနိုင် ရန်အတွက် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ကိုဗစ်-၁၉ရောဂါအားထိရောက်စွာ ကာကွယ် နိုင်ရန် အစိုးရနှင့် ပြည်သူလက်တွဲညီစွာဆောင်ရွက်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်းများ၏ အခန်း ကဏ္ဍဟာအလွန်အရေးကြီးပါကြောင်း ရပ်ကွက်/ ကျေးရွာများမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ အပါအဝင် ပြည်သူများ၏အင်အားကိုရယူကာ ရောဂါကာကွယ်နိုင်ရေး ကိစ္စရပ် တစ်ရပ်ဖြစ် သော ကာကွယ်ဆေးထိုးနှံခြင်းကိစ္စအား ပြည်သူ လူထုအကြား ထိရောက် သောနည်းလမ်းများဖြင့် အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင် ရွက်သွား ကြဖို့ လိုအပ်ပါကြောင်း၊    ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးများမှာလည်း တတိယလှိုင်းကာလအတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များအလိုက် စေတနာ့ဝန်ထမ်း Volunteer များကို စုစည်း အသင့်ပြင်ထားနိုင်ရေး၊ ပြည်သူများအား  Mask တပ်ရေး အသိပညာပေးခြင်းနှင့် အခြေခံလူတန်း စားများအတွက် Mask များ ထောက်ပံ့ရေးတို့ကို ဆောင်ရွက်သွားရန် ကော်မတီဥက္ကဋ္ဌက လမ်းညွှန်မှု  ပြုခဲ့ရာ       မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အနေဖြင့်လည်း COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း များတွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများအား စုစည်းခြင်း၊ ၎င်းတို့အား လိုအပ်သည့်သင်တန်း များပေးခြင်း၊ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို စဉ်ဆက် မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာမှာ ယခုတတိယလှိုင်း စေတနာ့ ဝန်ထမ်း သင်တန်းကို online ဖြင့် (၁၄)ကြိမ် in person (၄၁)ကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ပေါင်း(၂၁၁၅)ဦး သင်တန်းပေးနိုင်ခဲ့ပြီး စုစုပေါင်း စေတနာ့ဝန်ထမ်း (၁၉၂၂၇) ဦး နှင့် ပရဟိတအဖွဲ့အစည်းပေါင်း (၁၂၆၁)ဖွဲ့ တို့ ပူးပေါင်း ပါဝင် ဆောင်ရွက်လာခဲ့ကြပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလ အတွင်း Positive Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသည့် ထိခိုက်လွယ်အုပ်စု ဦးရေစုစုပေါင်း (၉၃၇၉)ဦးတို့အား ()ဦးလျှင် ()သောင်း ကျပ်နှုန်းဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှ ထောက်ပံ့‌ငွေပေါင်း (၂၈၁.၃၇) သန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ စေတနာ့ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများအတွက် လိုအပ်သော ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်း()မျိုး တန်ဖိုးငွေကျပ် စုစုပေါင်း  (၅၁၉ .၄၅၅) ကျပ်သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်း ဟာ ဖြစ်ပွားမှုရာခိုင်နှုန်း ကျဆင်းနေပြီဖြစ်တဲ့အတွက် ပြည်သူများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု လွှမ်းခြုံမှုမြင့်မားရေးနဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာရေးဆိုသော အချက် ()ချက်သည် အလွန်အရေးကြီးတဲ့ လုပ်ငန်း()ရပ် ဖြစ်ပါကြောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံမှု ရာခိုင်နှုန်းများနှင့် ပတ်သက်ပြီး https//www.vaccinateyoufamily.org အင်တာနက်သတင်း အရ အာဆီယံဒေသ တွင်းနိုင်ငံများအနက်မှ   စင်္ကာပူ- ၇၈. % ၊မလေးရှား- ၅၅. %၊ ကမ္ဘောဒီယား        - ၃၁. %၊ ထိုင်း- ၁၉. %၊  ဖိလစ်ပိုင်- ၁၆. %၊ အင်ဒိုနီရှား- ၁၅. %၊ မြန်မာ- ၁၀. %  အသီးသီး ရရှိနေကြပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက်လည်း ၂၀၂၁ခုနှစ် မကုန်မီ လူဦးရေ၏ (၅၀%) လွှမ်းခြုံမှုရရှိအောင် ကာကွယ်ဆေးထိုးပေးမည့် ရည်ရွယ်ချက် ပြည့်မီရေး အတွက် အစွမ်း ကုန်ကြိုးစားရမှာဖြစ်ပါကြောင်း၊ ယခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြည်သူလူထု (၁၂)သန်းကို ကာကွယ်ဆေး ()ကြိမ်ထိုးနိုင်ရေး ရည်မှန်းချက်အတိုင်း ပြည့်မီ အောင် ကြိုးစားရမှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ စေတနာ့ ဝန်ထမ်း တွေရဲ့ အခန်းကဏ္ဍကတော့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများက ကာကွယ်ဆေးထိုးနှံပေးရမည့် လူဦးရေစာရင်းများ ကောက်ကူခြင်းနှင့် စာရင်းသွင်းခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေ ဦးစီး ဌာနများနှင့် ကူညီဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးစုရပ်တွေမှာ QR Code ဖတ်ခြင်းများကိုကူညီခြင်း စတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနများနဲ့  ပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း၊  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော  စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့ အစည်းများအနေဖြင့် ပိုမိုပူးပေါင်းအားစိုက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ ဆောင်ရွက် လျက် ရှိသော ကာကွယ်ဆေးထိုးလုပ်ငန်းများမှာလည်း အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ကြ ပါရန်နှင့်  ပြည်သူအများပါဝင်မှုဖြင့် ကျန်းမာရေးအသိပညာများပေးခြင်းတို့ကို သက်ဆိုင်ရာဒေသ အလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၏ ပူးပေါင်းပံ့ပိုးမှုကိုရယူပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင်လည်း ယခုကဲ့သို့ နိုင်ငံတော်မှ ကာကွယ်ဆေးထိုးခြင်းမှာ အဓိကအရေးပါသော ကာကွယ်မှု တစ်ရပ်ဖြစ်ကြောင်းကို ပြည်သူ လူထုအကြား အသိပညာပေးဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းအား   ရပ်ကွက်/ကျေးရွာ စေတနာ့ဝန်ထမ်းများ၏ အင်အားဖြင့် ဆက်လက်၍ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေး ကြဖို့ ပြောကြားလိုကြောင်း၊ ယခုလိုအချိန်မှာစေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်း တွေ အနေနဲ့ ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန ကိုယ်စားတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါကြောင်း၊ ‌ မိမိတို့ပြည်သူများ၏ အကျိုးကို အမှန်တကယ် ရှေးရှုပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူများဖြစ်တဲ့အတွက် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် စေတနာ့ဝန်ထမ်းများ တတိယလှိုင်းအတွင်း အားထုတ်ကြိုးစားမှုကြောင့် အသက်စွန့်သွားရသူများ၊ ရောဂါကူးစက်ခံရမှု များရှိနေသည့်အတွက် လေးစားဂုဏ်ယူပါကြောင်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းသည် လူသားချင်း စာနာမှုဖြစ်၍ နိုင်ငံအခြေအနေမူဝါဒပြောင်းလဲသော်လည်း ရပ်တံ့၍မရနိုင်ပါကြောင်း၊ စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ကိုဗစ်-၁၉ မပြီးဆုံးသေးပါကြောင်း၊ တတိယလှိုင်းမှာ သက်စွန့်ဆံဖျား ကြိုးပမ်း ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်သော စေတနာ့ဝန်ထမ်းများအနေဖြင့် စနစ်တကျလက်တွဲ၍ အမျိုးသားရေးလုပ်ငန်းကို ဆက်လက်ပြီး စတုတ္တလှိုင်းမဖြစ်စေရန် ကြိုတင် ကာကွယ်ဆောင်ရွက်ရာတွင် ပါဝင်သွားရန်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမထိုးခဲ့ပါက မျိုးကွဲများ ထပ်မံဖြစ်နိုင်၍ ထိုးနှံနိုင်ရန်ဝိုင်းဝန်းလှုံ့ဆော်ဆောင်ရွက်ကြရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုးကူးစက်မှုနှုန်းလျော့ကျနိုင်မည်ဖြစ်ပါကြောင်း၊ ရပ်ရွာနှင့်တိုက်ရိုက်ထိတွေ့နေရသူ စေတနာ့ ဝန်ထမ်းများမှ ကျေးရွာပြည်သူအများအား  ဆေးထိုးရန်တိုက်တွန်းပါက ပိုမို  ထိရောက်မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ စေတနာ့ဝန်ထမ်းများ၊ ပရဟိတများအနေဖြင့် စည်းရုံးဆောင်ရွက်ရန်၊ ပူးပေါင်းရန်၊ အကူအညီပေးရန်၊ မသန်စွမ်းများအား သွားလာရေးအကူအညီပေးရန် မေတ္တာရပ်ခံ တင်ပြလိုပါကြောင်း၊ လူနာသေဆုံးမှုအနေဖြင့် လျော့ကျသွားသော်လည်း ဖြစ်ပွားမှုအနေဖြင့် ၅% မရောက်သေး၍ ကာကွယ်ဆေးထိုးနှံနိုင်မှသာ ရာခိုင်နှုန်းကျသွားမည်ဖြစ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၊ ကကဆေး နှင့် အထွေထွေ အုပ်ချုပ်ရေးတို့က  တို့ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းများအား အဖွဲ့ဖွဲ့ရန်၊ မှတ်ပုံတင်ပေးရန်တို့ကို ဝိုင်းဝန်းကူညီပေး သွားမည်ဖြစ်ပါ ကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ/ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှုများ၊ အားသာချက်/အားနည်းချက်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခုတက်ရောက်လာကြာသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်နေသော စက်သုံးဆီ၊ စားသောက်စ ရိတ်၊ ကျန်းမာရေးသုံးကာကွယ်ပစ္စည်းထောက်ပံ့မှုနှင့် ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသော ထောက်ပံ့ကြေး အသီးသီးရရှိကြရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ တတိယလှိုင်းကာလ အတွင်းအခက်အခဲများအား စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကကဆေးတို့မှ ကော်မတီ အဆင့်ဆင့်ဖွဲ့၍ ဆောင်ရွက်ရာ အောင်မြင် ခဲ့ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် စတုတ္တလှိုင်းမဖြစ်စေရန်အတွက် ကာကွယ်ဆေးထိုးနှံမှုမှာ အရေးကြီးသဖြင့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ၏အင်အားဖြင့် များများ နှင့်မြန်မြန်ထိုးနှံနိုင်ပါက ထပ်မံဖြစ်ပွားမှုရှိတော့မည် မဟုတ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အလိုက် ပါဝင်ရန် တိုက်တွန်းလိုပါကြောင်းနှင့် တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား၍ အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR