ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer – CCV) များအား လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး အသိပညာပေးအွန်လိုင်းသင်တန်းအစီအစဉ်တွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။


              ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားနေရဆဲဖြစ်ပြီး မျိုးရိုးဗီဇပြောင်း COVID-19 မပြန့်ပွားရေး ကိုလည်း အထူးအလေးထား ဆောင်ရွက်နေရချိန် ဖြစ်ကြောင်း၊ COVID-19 နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ကူးစက်ပုံနည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိနားလည်ကြပြီး ဖြစ်သော်လည်း အလေ့အထဖြစ်အောင် အလေ့အကျင့် ပြုလုပ်ခြင်းတွင် လိုအပ်နေကြဆဲဖြစ်ကြောင်း၊

  • မိမိကစ၍ သတိမလွတ်ဘဲ စည်းကမ်းလိုက်နာ ကာကွယ်နိုင်ရန် အားပေးတိုက်တွန်းခြင်း၊ ပညာပေးခြင်းများကိုတော့ ဆောင်ရွက်ရဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ တားဆီး ထိန်းချုပ်ရေး အတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အကောင်အထည်ဖော်နေရခြင်းဖြစ်ပါကြောင်း၊
  • ပြည်သူလူထု အတွင်း ရပ်ကွက်၊ ကျေးရွာများအထိ အမှန်တကယ်လိုက်နာကြရန် ပညာပေးမှုအပိုင်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန်လည်း လိုအပ်ဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအပါအဝင် ပြည်သူများ၏အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
  • ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်  ရပ်ကွက်၊ ကျေးရွာပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer-CCV)များ မွေးထုတ်ပေးနိုင်ရန်အတွက် စီမံချက်ကိုရေးဆွဲပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား သင်တန်းပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်အရ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ရပ်ရွာအလိုက် ပြည်သူအများပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
  • COVID – 19 ထိန်းချုပ်ရေး အထူးစီမံချက် (Community Covid Control - CCC) တွင် ရပ်ရွာ အလိုက် ပြည်သူအများပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော Community Covid Volunteer – CCV များ၏ကဏ္ဍသည် အဓိကတစ်နေရာကပါဝင်ပြီး အလွန်အရေးကြီးပါ ကြောင်း၊
  • အထူးသဖြင့် မိမိတို့ ရပ်ကွက်၊ ကျေးရွာများအတွင်း  Covid-19 ဆိုင်ရာ ထိရောက်သော ပညာပေးခြင်းတွင် လူတိုင်း အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးပညာပေးစီမံချက်အောင်မြင်ရေး၊ COVID -19  သံသယလူနာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ စစ်ဆေးခြင်း၊ လိုအပ်ပါက ထိန်းချုပ်ကုသမှုခံယူ ရရှိစေရေး၊ ရပ်ကွက်၊ ကျေးရွာအတွင်း သံသယလူနာများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ၊ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများကိုလိုအပ်သော သယ်ယူပို့ဆောင်ပေးခြင်းနှင့် ပံ့ပိုးကူညီမှု ပေးနိုင်ရေးစသည့်တို့ကို မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အကောင်းဆုံးကူညီမှုပေးနိုင်ပြီး ကူးစက်မှုနှင့် သေဆုံးမှုနှုန်းကျဆင်းရေးကို ဆက်လက် ဦးတည်စေမည် ဖြစ်ပါကြောင်း၊
  • Covid-19 ကာကွယ်ဆေးစတင်ထိုးပေးနိုင်သော အချိန်တွင်လည်း ရပ်ကွက်၊ ကျေးရွာအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စေတနာ့ဝန်ထမ်းများအား သတ်မှတ်ပေးမည့် တာဝန်များကိုလည်း ပူးပေါင်းဆောင်ရွက် နိုင်ကြရန်ဖြစ်ကြောင်း၊ Covid-19 အလွန်ကာလတွင် လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာ စေတနာ့ဝန်ထမ်း (Community / Village Volunteer) များအနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါကြောင်း၊
  • ထို့ကြောင့် ယခုသင်တန်းဟာ ရည်ရွယ်ချက်အလွန်ကောင်းမွန်ပြီး ပြည်သူလူထု အခြေပြုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာမှာ မိမိတို့ ရပ်ကွက်၊ ကျေးရွာနှင့် သက်ဆိုင်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံစသည့် ဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်လည်း တိုက်တွန်းအပ်ပါကြောင်း၊
  •        ယနေ့ကျင်းပသော ပထမအကြိမ် Community COVID Volunteer – CCV အသိပညာ ပေးသင်တန်းအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း (၁၃၉)ဦး ပါဝင်မှာဖြစ်ပါကြောင်း၊ ဤသင်တန်းကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီဝင်များ၊ အမျိုးသမီး ကော်မတီ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများကို စုဆောင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
  • ဒုတိယ အကြိမ် အသိပညာပေးသင်တန်းအစီအစဉ်ကို (၁၄-၁-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေး အစီအစဉ် တွင် ပါဝင်ဆွေးနွေးပေးကြမည့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း၊

အသိပညာပေးသင်တန်းအစီအစဉ်က တဆင့် ဆောင်ရွက်ရမည့်   အခြေအနေများနှင့် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည်ဖြစ်၍ လက်တွေ့ ပြည်သူ့ အကျိုးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှု အဖွဲ့အစည်းများနှင့် အတူပူးပေါင်း ဖော်ဆောင်နိုင်ကြမည်ဟု အလေးအနက် ယုံကြည်ပါ ကြောင်းနှင့်  ပူးပေါင်း ဆောင်ရွက်ပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


              ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ၊ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးသင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများနှင့် အပြန် အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR