ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel၌ ကျင်းပခဲ့ရာမိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(ဗဟို)ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(ဗဟို)အဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများကလူကိုယ်တိုင်တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ အာဆီယံဒေသတွင်းမိုင်းလှုပ်ရှားမှုဗဟိုဌာန(ARMAC)၊ဂျီနီဗာအပြည်ပြည်ဆိုင်ရာမိုင်းရှင်းလင်းရေးဗဟိုဌာန(GICHD)တို့မှ ကိုယ်စားလှယ်များကOnlineဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသစ် တာဝန်ယူချိန်၌နိုင်ငံတော်အကြီးအကဲကနိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာအဓိကမူဝါဒများနှင့် လုပ်ငန်းစဉ်များမှာကြားခဲ့ရာတွင်ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေးသည်အဓိကလုပ်ငန်းစဉ်အဖြစ်ပါဝင်ပါကြောင်း၊အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများတွင်  မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေတတ်သောတိုက်ပွဲလက်ကျန်လက်နက်ပစ္စည်းများ၏အန္တရာယ်သည်၎င်းဒေသတွင်နေထိုင်သည့်ဒေသခံလူထုအတွက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊အဆိုပါဒေသများ၏ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများ၏အန္တရာယ်လျှော့ချခြင်းလုပ်ငန်းစဉ်များကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်များကိုရေရှည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအပြင် နိုင်ငံတော်၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၏အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးရေး၊မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအားကူညီထောက်ပံ့ရေးနှင့် တိုက်တွန်းနှိုးဆော်ရေးလုပ်ငန်းစဉ်တို့ကိုနိုင်ငံတကာနှင့်ဒေသတွင်းစံချိန်စံနှုန်းများနှင့်အညီထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်နေပါကြောင်း၊မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် အကောင်းဆုံးသောအကျိုးစီးပွားများကိုဖော်ဆောင်ပေးနိုင်ရေးမြန်မာနိုင်ငံအတွက် မိုင်းလုပ်ငန်းစဉ်စံနှုန်း (Myanmar National Mine Action Standards – NMAS) ရေးဆွဲနိုင်ရေးလိုအပ်သည့် လေ့လာမှု၊ ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ရာတွင် အလုပ်ရုံဆွေးနွေးပွဲကရရှိသည့် ဗဟုသုတများကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာကြောင့်မသန်စွမ်းမှုတစ်မျိုးမျိုးခံစားရသူများပြန်လည်ထူထောင်ရေး၊ စိတ်-လူမှုဆိုင်ရာနှစ်သိမ့်ဆွေးနွေးရေး၊အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့အတွက် လိုအပ်သည့်အစီအစဉ်များကိုဆက်လက်ဆွေးနွေးဖော်ထုတ်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊သုံးရက်တာကျင်းပပြုလုပ်မည့်အလုပ်ရုံဆွေးနွေးပွဲတွင်ဆွေးနွေးမှုများကြောင့်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ မိုင်းလှုပ်ရှားဆောင်ရွက်နေသူများနှင့်မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်အသိပညာပေးလုပ်ငန်းတို့ကိုပိုမိုအားကောင်းစွာညှိနှိုင်းဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရသူတို့၏ စွမ်းဆောင်ရည်နှင့် လူမှုဘဝတွင် ပါဝင်ဆောင်ရွက်နိုင်မှုမြှင့်တင်ပေးခြင်းတို့ကိုပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း၊နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းစဉ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရေးကြိုးပမ်းအားထုတ်စေလိုပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အာဆီယံဒေသတွင်းမိုင်းလှုပ်ရှားမှုဗဟိုဌာန(ARMAC)နှင့် ဂျီနီဗာအပြည်ပြည်ဆိုင်ရာမိုင်းရှင်းလင်းရေးဗဟိုဌာန (GICHD)တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဝန်ကြီးဌာနအသီးသီးမှမိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(ဗဟို)အဖွဲ့ဝင်(၃၀)ဦးဖြင့် (၂၄-၆-၂၆)ရက်မှ (၂၆-၆-၂၆) ရက်ထိ (၃)ရက်ကြာကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR