ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန ၏တည်ထောင်ခွင့်ပြုမိန့်ရ ချယ်ရီမြေဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ရာဘိုးဘွားရိပ်သာအုပ်ချုပ်မှုကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များကဘိုးဘွားများအားလက်ခံစောင့်ရှောက်ပေးနေမှုများကိုရှင်းလင်းပြောကြားခဲ့ပြီးရိပ်သာအားလှည့်လည်ပြသခဲ့ပါသည်။ ဒုတိယဝန်ကြီးကသက်ကြီးသူများသည်ဖြတ်သန်းရာဘဝတစ်လျှောက်တာဝန်ကျေခဲ့သူများဖြစ်ပြီးတန်ဘိုးမဖြတ်နိုင်သောအတွေ့အကြုံအမျိုးမျိုးကိုပိုင်ဆိုင်ထားသဖြင့် လေးစားတန်ဘိုးထားရမည့်သူများဖြစ်ပါကြောင်း၊ မိသားစုစောင့်ရှောက်မှုမရနိုင်သောဘိုးဘွားများ၏ ဘဝနေဝင်ချိန်ကိုပူပင်ကြောင့်ကြမှုမရှိအောင် စောင့်ရှောက်ပေးနေသည့် ဘိုးဘွားရိပ်သာအုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ထမ်းများကိုကျေးဇူးတင်ရှိပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် ဘိုးဘွားရိပ်သာများကိုဆန်၊ စားစရိတ်၊အဝတ်အထည်စရိတ်နှင့်ဂေဟာမှူးလစာများကိုနှစ်စဉ်ထောက်ပံ့ပေးလျှက်ရှိပါကြောင်း၊ အသက်၈၅နှစ်အထက်ဘိုးဘွားများကို လစဉ် လူမှုရေးပင်စင်ထောက်ပံ့ပေးလျှက်ရှိပါကြောင်း၊ တက်ကြွလှုပ်ရှားမှုရှိသောသက်ကြီးသူများဘဝဖြစ်စေရန်အတွက် သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် ဘိုးဘွားများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများကိုအားပေးခြင်း၊ အသိပညာပေးခြင်းများဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဒါ့အပြင် သက်ကြီးရွယ်အိုဆိုင်ရာဥပဒေ၊နည်းဥပဒေများနှင့်အညီသက်ကြီးအခွင့်အရေးများရရှိစေရန် သက်ကြီးမှတ်ပုံတင်ထုတ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းပြောကြားခဲ့ပြီး ဘိုးဘွားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားများပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့် စစ်ကိုင်းမူလတန်းကြိုကျောင်းသို့ရောက်ရှိခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးကလိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးကလူ့ဘဝအစရက်ပေါင်း ၁၀၀၀ သည် ကလေး၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အချိန်ကာလဖြစ်သဖြင့် အာဟာရပြည့်ဝစွာစားသောက်ရေးသည် အရေးအကြီးဆုံးဖြစ်သလိုအသက် ၃ နှစ်မှ ၅ နှစ်မူကြိုအရွယ်သည် သင်ယူခြင်းကိုအစပျိုးလေ့ကျင့်ပေးရခြင်းဖြစ်သဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနည်းစနစ်များဖြင့် စနစ်တကျသင်ကြားပေးရန်နှင့် ကလေး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောမိဘအသိပညာပေးအစီအစဉ်များဆောင်ရွက်ပေးရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည် စစ်ကိုင်းမျက်မမြင်ကျောင်းသို့ ရောက်ရှိခဲ့ရာကျောင်းအုပ်ကလုပ်ငန်းဆောင်ရွက်နေမှုများကိုလိုက်လံရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးကမျက်မမြင်များစာပေသင်ကြားနိုင်ရန်အတွက် မျက်မမြင်လက်စမ်းစာကိုစတင်သင်ကြားပေးပြီးလူတိုင်းအကြုံးဝင်ပညာရေးစနစ်ဖြင့်မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်များတက်ရောက်နိုင်အောင်သင်ကြားပေးနေမှုများကိုပြည်သူလူထုသိရှိအောင်ဆောင်ရွက်ရန် နှင့် အသက်မွေးဝမ်းကျောင်းပညာများသင်ကြာ.ပေးပြီးအလုပ်အကိုင်ရသည်ထိသင်ကြားပေးရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးနားမကြားသောကလေးများကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကလုပ်ငန်းဆောင်ရွက်မှုများကိုလိုက်လံရှင်းလင်းပြသပြီးနောက် ဒုတိယဝန်ကြီးကနားမကြားသူများအနေဖြင့် ပတ်ဝန်းကျင်နှင့်ဆက်သွယ်နိုင်ရန်နှင့် စာပေသင်ကြားနိုင်ရန် လက်သင်္ကေတပြဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ လိုက်ဖက်သောအသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးပြီးဘဝရပ်တည်နိုင်ရေးဆောင်ရွက်ပေးရန်၊ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုအလေးထားသောပတ်ဝန်းကျင် အလုပ်ဌာနများတိုးပွားလာအောင် အသိပညာပေးရန်တို့ကိုမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်မန္တလေးမသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကမသန်စွမ်းကလေးငယ်များအထူးပညာရေးစနစ်ဖြင့် သင်ကြားပေးနေမှုများကိုရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးကမသန်စွမ်းကလေးငယ်များ၏ တစ်နေ့တာလုပ်ငန်းများကိုအမီခိုကင်းစွာဆောင်ရွက်တတ်စေရန်နှင့် ပတ်ဝန်းကျင်ဝင်ဆံ့မှုအတွက် စနစ်တကျဆောင်ရွက်ပေးရန်နှင့်ကလေးများရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ကျောင်းကြိုပို့ သူများနှင့်စနစ်တကျချိတ်ဆက်ဆောင်ရွက်ရန် မသန်စွမ်းကလေးများရဲ့ မသန်စွမ်းမှုဆိုင်ရာအပြုအမူနှင့် ထိခိုက်လွယ်မှုများကိုဂရုပြုပြီးအထူးပညာရေးစနစ်ဖြင့်သင်ကြားပေးရန်၊ မသန်စွမ်းအခွင့်အရေးဉပဒေနှင့်အညီဆောင်ရွက်ပေးနေမှုများကိုပြည်သူလူထုသိရှိပူးပေါင်းကူညီဆောင်ရွက်လာအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR