လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှ (ကော့ကျိုက်) ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ (၄-၉-၂၀၂၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလူနေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၁၄)ဦးတို့အတွက် (၁)ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၇၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၅၂၀,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ(၂၁၅,၃၅၆/-) အား (၈-၉-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR