၂၃-၉-၂၀၂၆ရက် နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး အစည်း အဝေးခန်းမတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၆)အား ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကော်မတီ အတွင်း ရေးမှူးဒေါ်ဆွေဆွေလင်းမှ အစည်းအဝေးတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားစာရင်း ကောက်ယူခြင်းပုံစံနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပခြင်းတို့အား ရှင်းလင်း တင်ပြခဲ့ပြီးနောက် ကော်မတီအဖွဲ့ဝင်များမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ လူမှုရေးရာ ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း၍ လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။










