မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၃)ခု၊ အမျိုးအသမီးဂေဟာ (၁) ခု၊ ဘိုးဘွားရိပ်သာ (၄) ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း (၈၄) ကျောင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း၊ အခမ်းအနားကို ၂၄.၉.၂၀၂၆ ရက်၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန့်မ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကအဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ကြေးများကို မွန်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီး ဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၃) ခု၊ အမျိုးသမီးဂေဟာ (၁)ခု၊ ဘိုးဘွားရိပ်သာ (၄) ခုနှင့် လူငယ့်ရိပ်သာ (၁) ခုတို့အတွက် ထောက်ပံ့ငွေ (၇၈.၆၈) ကျပ်သန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၈၄) ကျောင်းကို ထောက်ပံ့ငွေ (၈၉.၀၄)ကျပ်သန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၇.၇၂၂) ကျပ်သန်းအား (၂၀၂၆-၂၀၂၇) ခု၊ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ ဝန်ထမ်းအဖွဲ့အသီးသီးသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံးကိုယ်စား မုဒုံဘိုးဘွားရိပ်သာကြီးကြပ်မှု ကော်မတီစာရင်းစစ် ဒေါ်ဆုမြတ်သက်ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ရုံးမှဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပရဟိတ ဂေဟာများမှ
တာဝန်ရှိသူများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ စုစုပေါင်း အင်အား
(၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။














