၁-၁၀-၂၀၂၆ရက်၊ နံနက် ၈:၃၀ နာရီအချိန်တွင် မန္တလေးမြို့စည်ပင်မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်အနား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားခြင်း၊ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် အလှူငွေ များကို အောင်မြေသာစံခရိုင် ၊ မဟာအောင်မြေခရိုင် ၊ အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေး မှူးများထံ သို့လွှဲပြောင်းပေးအပ်ခြင်း၊ တိုင်းဒေသကြီး အမျိူးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ၊ တိုင်းဒေသကြီး အမျိုးသမီးလုပ်ငန်းရှင်များ အသင်း၊ တိုင်းဒေသကြီးအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ တိုင်းဒေသကြီး အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းတို့မှ အခမ်းအနားသို့ တက်ရောက် လာသည့် မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှ ဂုဏ်ပြုခံသက်ကြီးဘိုးဘွား (၃၅)ဦးအား အလှူငွေ နှင့် လှူဒါန်းပစ္စည်းများကို လှူဒါန်းခြင်း၊ ဂုဏ်ပြုခံသက်ကြီးဘိုးဘွားများ ကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့သခြင်း၊ မှတ်တမ်းဗွီဒီယိုပြသခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။






 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR