ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဇနီး၊ လွှတ်တော်ဥက္ကဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘိုးဘွားရိပ်သာများမှ ကန်တော့ခံဘိုးဘွားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။


     အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တက်ရောက် လာသော ဘိုးဘွားများအား ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း၊ ခရိုင်အလိုက်အသက်အကြီးဆုံး ဘိုး/ဘွားများအား ဂုဏ်ပြုငွေလှူဒါန်းခြင်း၊ ဘိုးဘွားရိပ်သာများအတွက် ငွေပဒေသာပင်နှင့် ဘိုးဘွား များအတွက် လှူဒါန်းငွေများပေးအပ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။









နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဥဇဘက်ကစ္စတန် နိုင်ငံတော်သမ္မတ၏အကြံပေးပုဂ္ဂိုလ်နှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ
ကလေးသူငယ်များ၏အနာဂတ်နှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR