ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များ နေ့အထိမ်းအမှတ် အခမ်းအနားကို  ၁-၁၀-၂၀၂၆ ရက် ၊ နံနက် ၈:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ အ.ထ.က(၅) ကျောင်းရှိ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့သော Video Clipအား ပြသခဲ့ပြီး တက်ရောက်လာသော သက်ကြီးပုဂ္ဂိုလ်များအား  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်လွှတ်တော်  လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်  လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့မှ တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၂)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်စုစုပေါင်း(၆၄)ဦးတို့အား တစ်ဦး လျှင် ကျပ် ၅၀,၀၀၀/-နှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ်(၃၂)သိန်းနှင့် အားဆေး၊ တိုင်းရင်းဆေး (၄)မျိုး၊ ကိုရီးယားခြုံစောင်၊ ဆပ်ပြာခဲတို့ ပါဝင်သော လှူဖွယ်ပစ္စည်းများကို လှူဒါန်း ကြပြီး အခမ်းအနားကို နံနက်  ၉း၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်  လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံအဘိုးအဘွားများ၊ ဖိတ်ကြားထားသောဧည့်တော်များ စုစုပေါင်း အင်အား (၂၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။




 




နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR