ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုနှင့် ဆက်စပ်ရေဘေးသင့် ပြည်သူများအတွက်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် (၂၈-၉-၂၀၂၆)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)နာရီတွင် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသည့် “နိုင်ငံ ၂၂ နိုင်ငံ၏ ကုမ္ပဏီ ၅၇ ခု”ကငွေကျပ် (၄၃၁,၅၁၀,၀၀၀)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းကလက်ခံရယူပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။







