မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကျင်းပ

မတ်လ ၂၅  ၊ နေပြည်တော်                                                                 

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲရေး အဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ မူလလုပ်ငန်းတာဝန်များ အရှိန်အဟုန်မပြတ် ဆက်လက်၍ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခင်မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းများခေတ္တဆိုင်းငံ့ထားခဲ့ရပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းများ ကိုလည်းအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနများ အနေဖြင့် မည်သည့်လုပ်ငန်းများတွင် စိန်ခေါ်မှုများရှိနေသည်ကို ပြန်လည်သုံးသပ်ပြီး  ဖြေရှင်းရမည့်နည်းလမ်းများကိုဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ပါဝင်အကြံပြုဆွေးနွေး နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မိမိတို့ဝန်ကြီးဌာနသည် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ရသော ဌာနဖြစ်သဖြင့် ဆောင်ရွက်နေရသည့် လုပ်ငန်းများကို ရပ်တန့်၍မရပါကြောင်း၊ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်တန့်နေသော လုပ်ငန်းများရှိပါကလည်း ပြန်လည်သုံး သပ်၍ နည်းလမ်းဖော်ထုတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဥပဒေ၊နည်းဥပဒေများနှင့်အညီ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးရဲမျိုးဝင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ယခင် ဖွဲ့ စည်းထားရှိခဲ့သည့် ကော်မတီ၊ အဖွဲ့များ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ပါဝင်ဖွဲ့စည်းထားသော ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များ၏ ပါဝင်မှုအခြေအနေနှင့်  ယခုပြင်ဆင်ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လမ်းညွှန်ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

         

 

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR