လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့ (၀၅း၀၀) နာရီအချိန်၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာအုပ်စု၊ ကလပ်ချီအထက် (၀က်လာကွင်း) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (ဓန်မိုး၊ ထရံကာ၊ ပျဥ်ခင်း) ပြိုကျပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေစုစုပေါင်း (၆) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံး (၂) ပုံး၊ (၂၁၅,၃၅၆/-) တို့အား (၂၆-၇-၂၀၂၄)ရက်နေ့ (၁၃း၄၅) နာရီအချိန်တွင် ပုသိမ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM