လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့ (၁၆ :၂၀) နာရီအချိန်တွင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စု (၄၄) စုရှိ လူဦးရေ (၁၉၆) ဦးတို့အတွက် (၇) ရက်စာ ဆန် ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၁၁,၆၀ဝိ/-) အား (၂၆-၇-၂၀၂၄)ရက်နေ့ (၁၀ : ၃၀) နာရီအချိန်တွင် ခရိုင်/ မြို့နယ် ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR