လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် သရက်တောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဥတ္တရသီရိ​​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သရက်​တော​ကျေးရွာအုပ်​စု၊ မသိမ်​ကျေးရွာ၌ (၄.၈.၂၀၂၄)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ​​ ချောင်းမကြီးချောင်း၊ ချောင်းရေမြင့်တက်လာမှုကြောင့် ဘေးလွတ်ရာသို့ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော ဘေးသင့်အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၂၀၀၀၀၀/- ၊ ဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ ၁၈၉၀၀/- ၊ စုစုပေါင်းထောက်ပံ့ငွေ ၂၁၈၉၀၀/- အား (၅.၈.၂၀၂၄)ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR