လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်(သန်လျင်)ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မရမ်းဘေးကျေးရွာအုပ်စု၊ အဝကောက်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေး သင့်အိမ်ခြေ (၄)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၄၀ဝိ/-)တို့အား (၅-၈-၂၀၂၄) ရက်နေ့၊ (၁၂:၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM