ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန်၊ ဦးမောင်မောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။




          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာန(၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်သတ်မှတ်၍ ပြည်သူများ၏လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက်ရေး လုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မူလတန်း ကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် လူငယ်ရေးရာမူဝါဒကို အတည်ပြုပြဌာန်း နိုင်ခဲ့ပြီး အမျိုးသားအဆင့်မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီကို ပြန်လည်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေဖြင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းများ၊ အမျိုးသမီး များ ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ အားတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာများကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဌာန်းထားရှိပြီးဖြစ်သလို နည်းဥပဒေအတည်ပြုပြဌာန်း နိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့် မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်းများ၊ မသန်စွမ်းသက်ငယ်သန်တန်း ကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစု စောင့်ရှောက် ရေးဂေဟာများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့တည်ထောင် ဖွင့်လှစ် ထားရှိသော ပရဟိတဂေဟာများနှင့်ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေပေး အပ်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီး ရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစပြီး အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင်အသက်ကို အသက် (၉၀)မှအသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၌ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌဦးဆောင်တဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်ထောင်စု ၀န်ကြီးများ ဥက္ကဌအဖြစ်တာ၀န်ယူ ဆောင်ရွက်တဲ့လုပ်ငန်းကော်မတီ(၁၂)ခုကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများ ဦးဆောင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့် ထပ်မံဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစား ရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာတိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းမြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများအပါအဝင် ပြည်သူတွေရဲ့ပူးပေါင်း ပါဝင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ရပ်ရွာလူထုနဲ့အတူ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉နှစ်ကုန်ပိုင်းက စတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့်ခေတ္တရပ်နားထားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများ အလိုက် လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူညီမျှရရှိခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးဆိုတဲ့ အချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးခြင်း၊ လူကုန်ကူးခံရသူများအားလိုအပ်သော စောင့်ရှောက်မှုများပြုလုပ်၍ လူ့အသိုက် အဝန်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်း သူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ် ပါဝင်တာဖြစ်တဲ့အတွက် မိမိတို့ ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူများရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကိုအနည်းငယ် ဖြည့်စွက်ရှင်းလင်းတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အဖွဲ့၀င်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာ စံနှုန်းတွေကိုပြည့်မီစေနိုင်ဖို့ မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ ကို ၂၀၁ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီနည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ အဲ့ဒီဥပဒေ၊နည်းဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီတွေအပြင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဲ့ဒီကော်မတီ တွေမှာ ဆက်စပ်ဝန်ကြီးဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တွေကိုလည်း ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ မသန်စွမ်းသူတွေရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ အစိုးရနှင့်အခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့သင်တန်းတွေ၊ အများပြည်သူအတွက် ထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှုတွေရရှိခံစားနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစနစ်တစ်ရပ်ပေါ် ထွက်လာစေဖို့အတွက် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ကုလသမဂ္ဂအေဂျင်စီများ၊ INGO, NGO များ၊မသန်စွမ်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာ မိမိတို့ဝန်ကြီးဌာနဟာ ဝန်ထမ်းဦးရေနည်းပါးတဲ့အတွက် အခြေခံကျသော စာရင်းဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ဒေသအာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ အတွက်ထောက်ပံ့ငွေ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅၂၉၇) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့်မသန်စွမ်းသူ (၉၀၂)ဦးအတွက် ထောက်ပံ့ငွေထောက်ပံ့ငွေ စုစုပေါင်းကျပ် (၄၂၁၆.၅၃သိန်း) ကျပ်- လေးထောင့်နှစ်ရာ တစ်ဆယ့်ခြောက်သိန်းငါးသောင်းသုံးထောင်ကျပ်တိတိကို နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။



          ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၃၅၆.၈၃)သိန်းကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ကိုယ်စား ဂေဟာမှူးတစ်ဦးထံလည်းကောင်း၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က မသန်စွမ်းသူ (၉၀၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၇၀.၆)သိန်းကို မသန်စွမ်းကိုယ်စားလှယ်တစ်ဦး ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ ကိုယ်စားဥတ္တရသီရိမြို့နယ်၊မြတ်ပညာပရဟိတဂေဟာမှ ဂေဟာမှူးဒေါ်စိုးစိုးခိုင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။










နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR