၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို “ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင် တောင်သာယာဘိုးဘွားရိပ်သာရှိ အောင်ဘောဇနသုခခန်းမ၌ (၁.၁၀.၂၀၂၅) ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပါသည်။ အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၏ လှူဒါန်းငွေဖြင့် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား(၂၄၅)ဦးအား (၁)ဦးလျှင် (၅)သောင်းနှုန်းစီဖြင့်လည်းကောင်း၊ တောင်သာယာဘိုးဘွား ရိပ်သာမှ ကန်တော့ခံဘိုးဘွား(၃၅)ဦးအား (၁)ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် လည်းကောင်း၊ ငွေကျပ်(၅)သောင်းတန်ဖိုးရှိ ဝတ်စုံတစ်စုံစီနှင့် အာဟာရများအား လှူဒါန်းခဲ့ပြီး ဘိုးဘွား (၂၈၀)ဦး အတွက် စုစုပေါင်းငွေကျပ် (၁၅၇)သိန်း (၅)သောင်းတိတိကို ထောက်ပံ့လှူဒါန်းခဲ့ ပါသည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် မြိတ်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၂၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက်အကြီးဆုံးဘိုးဘွား (၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းစီဖြင့်လည်း ကောင်း၊ ဘိုးဘွား (၂၈)ဦးအတွက် စုစုပေါင်း ငွေကျပ်(၃၂)သိန်းတိတိအား အိမ်တိုင်ရာရောက် လှူဒါန်းပေးအပ်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR