၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို “ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင် တောင်သာယာဘိုးဘွားရိပ်သာရှိ အောင်ဘောဇနသုခခန်းမ၌ (၁.၁၀.၂၀၂၅) ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပါသည်။ အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၏ လှူဒါန်းငွေဖြင့် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား(၂၄၅)ဦးအား (၁)ဦးလျှင် (၅)သောင်းနှုန်းစီဖြင့်လည်းကောင်း၊ တောင်သာယာဘိုးဘွား ရိပ်သာမှ ကန်တော့ခံဘိုးဘွား(၃၅)ဦးအား (၁)ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် လည်းကောင်း၊ ငွေကျပ်(၅)သောင်းတန်ဖိုးရှိ ဝတ်စုံတစ်စုံစီနှင့် အာဟာရများအား လှူဒါန်းခဲ့ပြီး ဘိုးဘွား (၂၈၀)ဦး အတွက် စုစုပေါင်းငွေကျပ် (၁၅၇)သိန်း (၅)သောင်းတိတိကို ထောက်ပံ့လှူဒါန်းခဲ့ ပါသည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် မြိတ်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၂၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ အသက်အကြီးဆုံးဘိုးဘွား (၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းစီဖြင့်လည်း ကောင်း၊ ဘိုးဘွား (၂၈)ဦးအတွက် စုစုပေါင်း ငွေကျပ်(၃၂)သိန်းတိတိအား အိမ်တိုင်ရာရောက် လှူဒါန်းပေးအပ်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း

MOS

DSW

DDM

DOR