၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားအား မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၁ လမ်းနှင့် ( ၂၆ x ၂၇ ) ကြားရှိ မန္တလေးမြို့တော်ခန်းမ၌ မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြို့နယ် ( ၇ ) မြို့နယ်မှ အသက် ( ၉၅ ) နှစ် အထက် ဘိုးဘွား ( ၁၀၀ )ဦး တို့အား တစ်ဦးလျှင်အလှူ ငွေကျပ်-၅၀,၀၀၀/-နှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေ ( ၅.၀၀၀ )ကျပ်သန်းအား အခမ်းအနားမတက်ရောက်နိုင်သော ဘိုးဘွားများကိုယ်စား ဝန်ကြီးချုပ် ဦးမျိုးအောင်မှ  သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်‌ရေးမှူးများထံသို့ လှူဒါန်းပေးအပ်ခဲ့ပြီး၊  အခမ်းအနားသို့ တက်ရောက် ကန့်တော့ခံ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ ဘိုးဘွား ၃၅ ဦးအား တစ်ဦးလျှင် အလှူငွေကျပ် ၁၀၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ လှူဖွယ်ပစ္စည်း တန်ဖိုးငွေကျပ် ၁၀၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း စုစုပေါင်း လှူဒါန်းငွေကျပ် ၂၀၀,၀၀၀/-နှုန်းဖြင့် ဘိုးဘွားများအား လှူဒါန်းပေးအပ်ခဲ့ပြီး မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှ အဘိုးဦးစံမြင့်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားအား နံနက် ( ၁၁း၀၀ ) နာရီအချိန်တွင် အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း

MOS

DSW

DDM

DOR