မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မန္တလေးလူငယ်သင်တန်းကျောင်း၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၅/၂၀၂၅)သင်တန်း (၂-၁၀-၂၀၂၅ မှ ၃၁-၁၀-၂၀၂၅ထိ) ဖွင့်လှစ်မည့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂-၁၀-၂၀၂၅)ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇာနည်အောင်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်အားပြောကြားခြင်း၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁း၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR