(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်း အမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/             ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကလေးသူငယ်ကိုယ်စား လှယ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော ကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်  မြှင့်တင်ဆောင်ရွက်ရန်၊ ကလေးများ၏ အခွင့်အရေးများပြည့်ဝစွာရရှိနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များက ကလေးများနှင့်သက်ဆိုင်သော World Fit for Children ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းများထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ကျင်းပခဲ့ သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child - UNCRC) ကို အပြည်ပြည် ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်နေ့ကို World Children’s Day ဟု သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများ ဆောင်ရွက်ခဲ့သည်မှာ ၃၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်အတည်ပြုပါဝင်ခဲ့ပြီး အခြားနိုင်ငံများနည်းတူ   နှစ်စဉ်နှစ်တိုင်း ကလေးသူငယ်များအတွက်  အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာဖြင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများကို လက်လှမ်းမှီရရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) နှင့်ပတ်သက်ပြီး ပြင်ဆင်ရန်လိုအပ်သည့်ကဏ္ဍများအား ကဏ္ဍအလိုက်ပြင်ဆင်သွားရန် ဥပဒေရေးရာဝန်ကြီးဌာနနှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ UNCRC ပါ ကလေးသူငယ်များနှင့်ပတ်သက်ပြီး တကယ့်အနှစ်သာရဖြစ်သော အသက်ရှင်သန်ခွင့်(Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့်(Development)၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်(Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation)စသော ကလေး သူငယ်အခွင့်အရေး()ရပ်ကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊   ၂၀၁၂ခုနှစ်၊ ဇန်န ဝါရီလ(၁၆)ရက်နေ့မှာ ကလေးသူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာ CRC နောက်ဆက်တွဲစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သည့် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (OPAC) ကိုလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းသဘောတူစာချုပ်မှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား အသုံးပြုမှုကို အကာအကွယ်ပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တားဆီးဆောင်ရွက်ရမည့် ကြီးလေးသော ချိုးဖောက်မှု (Six Grave Violations) ပါ သတ်မှတ်ချက်()ချက်ရှိပါကြောင်း၊  ၎င်းတားမြစ်ချက်များနှင့်ပတ် သက်ပြီး အသိပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ အား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် လုပ်ငန်းကော်မတီ တို့ကိုဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအပေါ် ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော် မကြာသေးမီကာလက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်က  မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်ပတ်သက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ထား ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက်ပါအချက်အလက်များကို တုံ့ပြန်နိုင်ရန်အတွက် Statement ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရွယ် မတိုင်မီ စုဆောင်းခံရသူ ကလေးသူငယ်များကို ပြန်လည်နှုတ်ထွက်ခွင့်ရရှိရန်နှင့် နှုတ်ထွက်ခွင့် ပြုသည့် ကလေးသူငယ်များကို လိုအပ်သောအထောက်အပံ့များ၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းပြန်လည်ထူထောင်ရေးတို့အတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်းထို့အပြင် ပဋိပက္ခအတွင်း ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာ ကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲပြီးဖြစ်သည့်အတွက်  ကလေးသူငယ်အခွင့်အရေးများ နှင့်ပတ်သက်ပြီး မှန်ကန်သည့် အချက်အလက်များရရှိရေး ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို ၂၀၂၁ခုနှစ်၊ စက်တင် ဘာလ (၃၀)ရက်နေ့တွင်  အဖွဲ့ဝင်(၃၇)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် ကော်မတီ အစည်းအဝေးကို မကြာမီပြုလုပ်မည်ဖြစ်ပါကြောင်း၊  ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “A  better future, for every child” “ကလေးတိုင်း ဘဝ လှပရေး ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးပေးဖြစ်ရာ ကိုဗစ်-၁၉ကပ်ရောဂါကြောင့်  ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ပါဝင်ဆောင်ရွက်ရေးအခွင့်အရေးများ ရပ်တန့် ခဲ့ရာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးများအတွက် စိတ်ချလုံခြုံရသော ပတ်ဝန်းကျင်ဖော် ဆောင်ပေးရန် လိုအပ်သလို အခွင့်အရေးပြည့်ဝစွာမရရှိသော ကလေးငယ်များသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင်ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကလေးငယ်များအတွက် မိမိတို့ဖြစ်စေချင်သည့် ကမ္ဘာလောကကြီး ဖြစ်လာစေရေးအတွက် ကလေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားပါကြောင်း၊ ကလေးသူငယ်များကို ပညာရေးနှင့် ကျန်းမာရေးရာသီဉတုပြောင်းလဲမှု အခြေအနေများ၊ ခွဲခြားဆက်ဆံခြင်းမပြုရေးစသော အရေးကိစ္စများတွင် ကလေးများ၏အသံများကို နားထောင်ကြရန်နှင့် ကလေးများ၏ အခွင့်အရေးများကို ကလေးတိုင်းရရှိစေပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်များအား ဖန်တီးပေးကြရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်း ထားရှိပါကြောင်း၊  ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးတိုင်းရရှိစေရန်နှင့်   ကလေးတိုင်း တန်းတူညီတူရရှိရေးတို့အတွက် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအသီးသီး ကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဗီဒီယိုပြသခဲ့ပြီး ကလေး သူငယ်ကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား တင်ပြခဲ့ပြီး အခမ်းအနားအား နံနက် (၁၀:၄၅)တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR