မန္တလေးမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ကြီးကြပ်မှုဖြင့် ရပ်ရွာအခြေပြုကျားရှပ် (အခြေခံနှင့်အဆင့်မြင့်) စက်ချုပ်သင်တန်း ၊ သင်တန်းကာလ ၁၈-၈-၂၀၂၅ ရက်မှ ၁၀-၁၀-၂၀၂၅ ရက်ထိ သင်တန်းသား (၂၀)ဦးဖြင့် မန္တလေးလူငယ်သင်တန်းကျောင်း၌ ၁၈.၈.၂၀၂၅ ရက်မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းကာလပြီးဆုံးပြီဖြစ်ပါသဖြင့် သင်တန်းဆင်းပွဲအခမ်းအနားအား  ၁၀-၁၀-၂၀၂၅ ရက်၊ နံနက် (၉း၃၀) နာရီအချိန်တွင် မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်၊ ဒေါ်စောယုသွယ်၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း ၊ ကျောင်းများမှဝန်ထမ်းများနှင့် သင်တန်းသား (၂၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နံနက် (၁၀း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR