ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၈-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော် ကျေးရွာရှိ မီးဘေးသင့်အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၇)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ(၂)စုံတို့အား (၁၉-၁-၂၀၂၁)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လည်းကောင်း၊

(၁၉-၁-၂၀၂၁) ရက်နေ့၊ နေ့လယ်(၁၅:၃၀) အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် KOICA မှ လှူဒါန်းသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်ထောင် (၃၆၃) လုံးနှင့် တာပေါ်လင် (၃၆၃)စ တို့အား စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များထံသို့ လည်းကောင်း၊

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်၊ ရမ်ပူရပ်ကွက်၊ နယ်‌မြေ(၁၃)တွင်၊ (၁၄-၁-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၁၉-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူမီး‌ဘေးသင့်ပြည်သူများနေအိမ်၌ လည်းကောင်း၊

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ စန္ဒဝတ်ကျေးရွာရှိ မီးဘေးသင့်လုံးဝပျက်စီး နေအိမ် (၁)လုံးအတွက်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်တစ်လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၃၀,၀၀၀/-) ကျပ် လူဦးရေ (၉)ဦးအတွက်(၇) ရက်စာဆန်ဖိုး(၁၈,၉၀၀/-) ကျပ်၊ လုံးဝပျက်စီးနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၈,၉၀၀/-)ကျပ်အား (၁၉--၂၀၂၁) ရက်နေ့ (၁၅:၀၀)အချိန်တွင် လည်းကောင်း၊

(၁၇-၁-၂၀၂၁)ရက်နေ့၌ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးမြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့်အတူ (၁၉-၁-၂၀၂၁) ရက်နေ့ (၁၃:၁၅)အချိန်တွင် လည်းကောင်း၊

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာအုပ်စု၊ မူးကဝါကျေးရွာ၌ (၁၈-၁-၂၀၂၁)ရက်နေ့ (၀၂:၄၀)အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အလျား(၃၀)၊ အနံ(၂၀)ပေ တစ်ထပ်နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦး တို့အတွက် (၇၉၀၀ဝ/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ Family Kit (၁)စုံ၊ Unicef Myanmar မှ လှူဒါန်းထားသော Hygiene Kit (E) 2020 (၁) ဖာ၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ် (၄၂၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၀၄၂၀၀/-) အား (၂၀-၁-၂၀၂၁)ရက်နေ့ (၁၁:၀၀)အချိန်တွင် လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ ပါသည်။



Source:EOC

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR