ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၀:၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန်မူကြိုကျောင်း၌ ကျောင်းသား/သူ (၃၀)ဦးတို့အားလည်းကောင်း၊ (၁၃:၃၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်ထိ၊ ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသား/သူ(၆၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR