ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်း၌ ဌာနဆိုင်ရာကျား(၂)ဦး၊ မ(၁၄)ဦး၊ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ (၆၅)ဦး၊ စုစုပေါင်း (၁၄၄)ဦးတို့အား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ် များ၊ သဘာဝ‌ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခြင်း၊ ဘေး (၉)မျိုးလက်ကမ်းစာစောင်များ‌ဝေငှခြင်းနှင့် မိုးကြိုးဘေးအသိပညာ ပေး(၄×၅)ပေ ဗီနိုင်းပိုစတာ(၁)ချပ် ပေးအပ်ခြင်းတို့‌အား ပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR