ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၆) ရက်နေ့၊ (၉း၃၀) နာရီအချိန်မှ (၁၁း၄၅)နာရီအချိန်ထိ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်း၌  ကျောင်းသား (၉၅)ဦး၊ ကျောင်းသူ (၁၀၁)ဦး၊ ဆရာမ (၆)ဦး၊ ဌာနဆိုင်ရာ (၁၀)ဦး၊ စုစုပေါင်း လူဦးရေ (၂၀၂)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ​ဝေငှပေးခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးခြင်း၊ ကလေးသူငယ်အခွင့်အရေးများ၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ ပလတ်စတစ်အန္တရာယ်ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ ကရင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR