ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၃-၂၀၂၄) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကျုံမရေကျေးရွာတွင် ဦးထွန်းလင်း (ခ) ဦးဘိုထွန်း  (ဘ) ဦးဘအောင်၏ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ မြေစိုက်နေအိမ်တွင် မီးကြွင်းမီးကျန်မှ  မီးစတင်လောင်ကျွမ်းခဲ့ရာ  ဦးမြင့်စန်း၊ (ခ) ဦးကုလား(ဘ)ဦးသောင်းပိုင်ဆိုင်သော သွပ်မိုး၊ထရံကာ၊ကြမ်းခင်း၊မြေစိုက်နေအိမ်အားထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ  စုစုပေါင်းနေအိမ်(၂)လုံး(လုံးဝပျက်စီး)၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ပစ္စည်း တန်ဖိုး (၁၄၉၈၄၈/-)တို့အား (၂၈-၃-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၂း၃၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

Source:  DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR