ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်း၌ (၂၁-၃-၂၀၂၄)ရက်နေ့တွင် မီးလောင်ကျွမ်းမှု ကြောင့် လုံးဝပျက်စီးနေအိမ် အုတ်ညှပ်(၂)ထပ်တိုက်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦး တို့ အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၂၀၀၀၀၀ိ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံ ငွေ (၄၂၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၄၂၀၀ိ/-)တို့အား (၂၁-၃-၂၀၂၄)ရက်နေ့၊ (၁၈:၃၀)အချိန်တွင်လည်ကောင်း  မီးလောင်ကျွမ်းမှုကြောင့် ထောက်ပံ့ရန် ကျန်ရှိသော စျေးဆိုင် ဖွင့်ထားသည့် မီးဘေးသင့်နေအိမ်တွင် နေထိုင်သည့်မိသားစုဝင်(၃)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေ(၆၃၀၀ိ-)အား (၂၆-၃-၂၀၂၄)ရက်နေ့၊ (၁၆:၀၀) အချိန်တွင် မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ဦးဘချိုလမ်းရှိ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့  သွားရောက်ထောက်ပံ့ပေးခဲ့ပါ သည်။

 

Source:  DDM


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR