ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ပြည်သူ့မေတ္တာဆန်စက်ဝန်းလမ်းတွင် (၂၅.၃.၂၀၂၄)ရက်နေ့၊ (၁၅:၄၅)နာရီ အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုး ထောက်ပံ့ငွေ (၃,၂၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၂၆)စုမှ ဘေးသင့်လူဦးရေ ကျား(၆၀)ဦးနှင့် မ(၅၁)ဦး၊ စုစုပေါင်းဘေးသင့်လူဦးရေ(၁၁၁)ဦးတို့အတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၂၆)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၃၃,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၄၃၃,၁၀၀ိ/-)တို့အား လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၆.၃.၂၀၂၄)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ၊ အဖွဲ့၀င်(၁)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်း ကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှု သတင်း

MOS

DSW

DDM

DOR