ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ယနေ့နေ့လယ်ပိုင်းတွင်အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာနှင့်ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့ရှိသက်ကြီးပုဂ္ဂိုလ်များအားလိုက်လံထောက်ပံ့ခြင်းများသွားရောက်ဆောင်ရွက်ခဲ့ရာညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ဂေဟာအလိုက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဂေဟာဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကဘိုးဘွားရိပ်သာများမှသက်ကြီးပုဂ္ဂိုလ်များအားတစ်ဦးလျှင်ကျပ်ငါးသောင်းနှုန်းဖြင့်လက်ဝယ်အရောက်ထောက်ပံ့ခြင်း၊ Standard Dignity Kit များထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးကရှင်းလင်းပြောကြားရာတွင်နိုင်ငံတော်ကအသက်အရွယ်ကြီးရင့်သူများ၏အရေးကိုလည်းတတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊သက်ကြီးပုဂ္ဂိုလ်များကောင်းမွန်စွာနေထိုင်နိုင်ရန်ဘိုးဘွားရိပ်သာများအားစနစ်တကျစိစစ်တည်ထောင်ခွင့်ပြုလျက်ရှိသကဲ့သို့သက်ကြီးပုဂ္ဂိုလ်များစောင့်ရှောက်နိုင်မည့်သူများအတွက်သင်တန်းများစီစဉ်ဆောင်ရွက်ပေးခြင်း၊ရိပ်သာများသို့ငွေကြေးထောက်ပံ့ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှုအပြင်ယခုထပ်ဆောင်းထောက်ပံ့မှုသည်နေ့စဉ်ဘဝလိုအပ်ချက်အတွက်အထိုက်အလျောက်အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ကျန်းမာချမ်းသာစွာဖြင့်သူတော်ကောင်းတရားများအားထုတ်ပွားများပါစေနိုင်ရန်ဆုမွန်တောင်းပါကြောင်းနှုတ်ခွန်းဆက်စကားပြောကြားကာတစ်ဦးချင်းလိုက်လံအားပေးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR