ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ(MOU)အရအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် MOU အရ အိန္ဒိယနိုင်ငံကတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ (၂၅)သန်းကို ထောက်ပံ့မည်ဖြစ်ပါကြောင်း၊ ပထမနှစ်စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းအမေရိကန်ဒေါ်လာ ၃.၈သန်းဖြင့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းတောင်ကျေးရွာတွင်နေအိမ်(၆၀)လုံး၊ ရွှေဇားကျေးရွာတွင်နေအိမ်(၁၄၈)လုံး၊ နံ့သာတောင်ကျေးရွာတွင်နေအိမ်(၄၂)လုံး၊ စုစုပေါင်းနေအိမ်(၂၅၀)လုံးကိုအိန္ဒိယနိုင်ငံအစိုးရအစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယနှစ်စီမံကိန်းအဖြစ် အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီပြီးဖြစ်သောစီမံကိန်းလုပ်ငန်း(၁၃)ခုကိုသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်တတိယအကြိမ်အဆိုပြုပေးပို့ထားသော စီမံကိန်း(၁၇)ခုနှင့်စပ်လျဉ်း၍ကြိုတင်ညှိနှိုင်းဆွေးနွေးနိုင်ရန် ယနေ့အစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ထောက်ပံ့ကူညီမှုများအပေါ်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို လစဉ်(သို့မဟုတ်)(၃)လတစ်ကြိမ် စဉ်ဆက်မပြတ်သိရှိပြီး လိုအပ်သောညှိနှိုင်းမှုများအရ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခြင်းဖြင့်လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်သဖြင့်တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် MOU ကို နိုင်ငံတော်ကိုယ်စားလက်မှတ်ရေးထိုးထားသည့်အတွက်MOUပါအတိုင်း အကောင်အထည်ဖော်နိုင်ရေးတွင် အဓိကတာဝန်ရှိပါကြောင်း၊ လုပ်ငန်းများလျှင်မြန်စွာဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းစီမံကိန်းများ၏အကျိုးကိုခံစားရမည့်သူများအတွက်လဲ အကျိုးကျေးဇူးများ မြန်ဆန်စွာရရှိခံစားကြရမည်ဖြစ်သဖြင့် တာဝန်ရှိဌာနအဖွဲ့အစည်းအသီးသီးကသတ်မှတ်ကာလများအတိုင်း တာဝန်ကျေပွန်စွာဖြင့်စီမံကိန်းလုပ်ငန်းများအောင်မြင်စွာပြီးစီးနိုင်ရေး ပိုမိုအားထည့်ဆောင်ရွက်ပေးကြပါရန်နှင့်မိမိတို့အားလုံးအနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြမည်ဆိုပါက စီမံကိန်းလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်ရခိုင်ပြည်နယ်အတွင်း MOU ပါ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မှုများ၊ဆက်လက်ဆောင်ရွက်မည့်အခြေအနေများတို့နှင့် စပ်လျဉ်း၍ဆွေးနွေးညှိနှိုင်း၊ အကောင်အထည် ဖော်သွားမည့်အခြေအနေများကို ဆွေးနွေး ပြောကြားပါသည်။

       ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က ဆွေးနွေးပြောကြားရာတွင် မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ MOUတွင်ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အိန္ဒိယနိုင်ငံက ထောက်ပံ့မှုသည် ရခိုင်ပြည်နယ်ပြည်သူများအတွက် အလွန်ဝမ်းမြောက်ကျေးဇူးတင်စရာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အဆိုပြုပေးပို့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အိန္ဒိယနိုင်ငံအစိုးရသို့ ညှိနှိုင်းဆောင်ရွက်ရသည့်အတွက် လိုအပ်ချက်များပြည့်စုံရန်နှင့် ပြည့်စုံမှုမရှိ၍ ပြန်လည်တောင်းခံလာမှ ပြုစုပြီးပြန်လည်ပေးပို့ရသည့်အခါမလိုလားအပ်သောအချိန်ကြန့်ကြာမှုများဖြစ်လာနိုင်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတော်အတန်ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို သွက်သွက်မြန်မြန်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊စီမံကိန်းများတွင်စီမံကိန်းပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီJoint Project Monitoring Committee (JPMC) များကို စီမံကိန်းတစ်ခုချင်းစီအတွက်ဖွဲ့စည်းရန်နှင့် MOU ကိုကိုယ်စားပြုပြီး တာဝန်ယူဆောင်ရွက်နေသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုယ်စားလှယ်တစ်ဦးကိုကော်မတီတစ်ခုချင်းစီတွင် ပါဝင်ဖွဲ့စည်းပေးရန်ဖြစ်ပါကြောင်းနှင့် အားလုံးပိုမိုနီးကပ်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းစီမံကိန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြေပြင်တွင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက Online မှတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR