ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့အနေဖြင့် သဘာဝဘေးကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်မှုတို့တွင် တပ်မတော်နှင့်ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ လမ်းညွှန်ပြုစုနိုင်ရေး ဆွေးနွေးအကြုံပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်  World Risk Report 2021 အရ အဆင့်(၇၉) သာ ရှိသော်လည်း Global Climate Risk Index 2021 ပါစစ်တမ်းများအရရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင်မူ ကမ္ဘာ့နိုင်ငံများအနက် အဆင့်(၂၁)တွင်ရှိနေကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီးဖွံ့ဖြိုးဆဲ နိုင်ငံလည်းဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဖြစ်သည့်အခါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အဟန့်အတားဖြစ်ပေါ်စေနိုင်သဖြင့် အထူးအလေးထားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ သဘာဝဘေးလုပ်ငန်း  ကော်မတီများ၊ ကဏ္ဍအလိုက်တာဝန်ယူထားသည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးစေရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိနေပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလဆက်သွယ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ကြရာတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုမှာလည်း အထူးအရေးပါကြောင်း၊ အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းပြီး ထိရောက်သော လူသားချင်းစာနာမှုအကူအညီပေးရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များဖြင့် ယခင်ကဆောင်ရွက်ခဲ့သည့် “Civil  Military Coordination Workshop on Disaster Management” အလုပ်ရုံဆွေးနွေးပွဲများမှ အကြံပြုချက်များအပေါ် လမ်းညွှန်မှုခံယူပြီး သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြားပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့် ပေးအပ်ထားသည့်တာဝန်များအပေါ် မူတည်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေးဆွေးနွေးညှိနှိုင်း ကြရန်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်သည့် သဘာဝဘေးတုံ့ပြန်မှုအတွက် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း(Simulation Exercise) ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကြီးမားသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရုံသာမက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို လည်း များစွာနှောင့်နှေးကြန့်ကြာစေနိုင်သဖြင့်   မြန်မာနိုင်ငံတွင် ထိရောက်သည့် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများကို ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် တပ်မတော်မှလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့မှုအားတွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ ခေတ်ကာလနှင့်အညီ ပြင်ဆင်ရေးဆွဲထားပြီး ထုတ်ဝေရန်ဆောင်ရွက်ဆဲဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၂၂)တွင်လည်း သဘာဝဘေးစီမံခန့်ခွဲမှုအတွက်တပ်မတော်နှင့်ဝန်ကြီးဌာနများအကြားပူးပေါင်းဆောင်ရွက်ခြင်” အခန်းတစ်ခန်း သီးခြားထည့်သွင်းထားရှိပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲ့မှုအခြေအနေ၊ ပြည်ထောင်စုအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ/ လုပ်ငန်းကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများအား ထည့်သွင်းရေးဆွဲဖော်ပြထားသည့် အတွက် ယခုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ပြုစုရာတွင် ရည်ညွှန်းကိုးကားနိုင်မည် ဖြစ်ပါကြောင်း၊ ယခု လုပ်ငန်းအဖွဲ့ကို အမျိုးသားကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိသဖြင့် အချိတ်အဆက်မိမိ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက အမျိုးသားကော်မတီဥက္ကဋ္ဌမှ ဝန်ကြီးဌာနများနှင့် တပ်မတော်တို့ပူးပေါင်း၍ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ဝိုင်းဝန်းပူးပေါင်းပြင်ဆင်ဆောင်ရွက် ထားရန်နှင့် သဘာဝဘေးကျရောက်ပါက ဝန်ကြီးဌာနများ၊ တိုင်းစစ်ဌာနချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များပူးပေါင်း၍ ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်ထားရှိမှုအရ အသင့်ရှိနေပါကြောင်း၊ တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ရပ် ဖွဲ့စည်းထားရှိကာ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ဘေးကျရောက်မှုများအပြင် ကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်ဖြစ်သည့် ကိုဗစ် -၁၉ နှင့် စပ်လျဉ်း၍ပါ အလျှင်အမြန်ဆုံးရောက်ရှိပြီး စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ တုံ့ပြန်ဆောင်ရွက်မှုများတွင် တပ်မတော်၏ လူအင်အား၊ ယာဉ်ယန္တရားများ အသုံးပြုကူညီခြင်းအပြင် လိုအပ်မှုအရ ပြည်သူတို့အား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘေးသင့်ရာဒေသများတွင် အစိုးရဌာနဆိုင်ရာများအပြင် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလုပ်ငန်းအဖွဲ့အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ကောင်းမွန်သော ပူးပေါင်းမှုများအား ပိုမိုစနစ်ကျစေရေး၊ ပိုမိုလျှင်မြန်စွာ ပေါင်းစပ်တုံ့ပြန်နိုင်ရေးတို့အတွက် လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးသွားကြရန်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များက ကိုယ်စားပြုတက်ရောက်သည့် လုပ်ငန်းကော်မတီအလိုက် တပ်မတော်နှင့် သဘာဝဘေးတုံ့ပြန်မှုလုပ်ငန်းအတွက် ညှိနှိုင်းပေါင်းစပ်ရာတွင် ရရှိထားသည့် ကောင်းမွန်သည့် အတွေ့အကြုံများ၊ ပိုမို ကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည့် ကဏ္ဍများ၊ တပ်မတော်၏ သဘာဝဘေးစီမံခန့်ခွဲမှုစနစ်နှင့် ရယူနိုင်သည့် အကူအညီများ၊ ထိရောက်လျှင်မြန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအားမြှင့် ဆောင်ရွက်နိုင်သည်များ၊ Standard Operation Procedure ပြုစုနိုင်ရေး စတင်ဆောင်ရွက် ရန်များ၊ နိုင်ငံတော်အဆင့် ဇာတ်တိုက်လေ့ကျင့်ခန်း တစ်ရပ်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကာ (၁၄:၀၀)နာရီတွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR