ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားရှိသော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ၊ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In Person ဖြင့်လည်းကောင်း၊ ကော်မတီဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ပုံစံဖြင့်လည်းကောင်းတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးကမြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အရမိမိတို့ကော်မတီအနေဖြင့် ပထမငါးနှစ် စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကိုဖယ်ရှား၍စေခိုင်းသူကိုဥပဒေနှင့်အညီစစ်ဆေးအရေးယူခြင်း၊ ညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက်နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီးသင်တန်းဆင်းများကိုသင့်တော်သောအလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ အရည်အသွေးပြည့်မီသောပညာသင်ကြားခွင့်ရရှိရေးအခမဲ့ပညာသင်ကြားရေးကျောင်းများနှင့် ချိတ်ဆက်ပေးရန်နှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ ပေးခြင်း၊ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခြင်းစသည့်အခြေခံအချက်အလက်များကိုဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသောကော်မတီဝင်များအနေဖြင့်လည်းမိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကယခင် (၁၅.၇.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၂.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အမျိုးသားကော်မတီသို့အစီရင်ခံတင်ပြနိုင်ရေးဆောင်ရွက်ရမည့်အခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီဝင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကဆောင်ရွက် ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ်၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ပါဝင်ဆောင်ရွက်ခွင့် စတဲ့အခွင့်အရေးများကိုအဓိကဦးတည်၍ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၃(န) ပါ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များကိုအထူးအလေးထားပြီးဥပဒေပုဒ်မ ၄၈ နှင့် ၄၉ တို့ပါ ပြဋ္ဌာန်းချက်များကိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးတိုက်တွန်းမှာကြားလိုပါကြောင်းပြောကြားခဲ့ပြီးအစည်းအဝေးကိုမွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR